အပိုင်း ၇

118 2 0
                                    

🥰မှောင်ရီပျိုးမှ အလင်းစစ်🥰

ပြန်လာတာ နောက်ကျ၍ ခြံတံခါးလေးကို တွန်းဖွင့်ရင်း အထဲမှာ ဒယ်ဒီကားရောက်နေပြီလားဆိုတာ ချောင်းကြည့်လိုက်တော့ ထင်တဲ့အတိုင်းပင် ကားဂိုဒေါင်ထဲမှာ ရပ်ထားပြီးသားဖြစ်နေသည်..

"ဟူး"

မဏိ လေပူးလေး မှုတ်ထုတ်ရင်း အဲဒါ
ဒင်းကြောင့် တေဇိုင်း တဏှာရူးကောင် အဆူခံရတော့မယ် သိလား

အိမ်ထဲကို ခပ်ကုပ်ကုပ်လေးဝင်လာစဉ်မှာပဲ လှေကားရင်းကနေ ကြည့်နေသော ဒယ်ဒီကို မြင်လိုက်တော့ ကိုယ်ရှိန်သပ်ကာ သွားလေးဖြီးပြတော့

"တော်တော်အတတ်ကောင်းတွေ တက်နေတယ်ပေါ့ ဟုတ်လား အိမ်ကကားကြိုတာကိုမစောင့်နိုင်ဘဲ ဘယ်သူငယ်ချင်းနဲ့ လိုက်သွားတာလဲ အခုတောင် ၄ နာရီခွဲတော့မယ်"

လပ်ပတ်နာရီကိုလည်း ဟန်ပါပါမြှောက်ပြ၍

"ကျောင်းစာကိုပဲ အာရုံစိုက်ပါလို့ ငါမှာထားရဲ့နဲ့ အလေလိုက်ချင်နေတယ် လုပ်လိုက်ရ နာတော့မယ်"

"ဒယ်ဒီက ခါးကြီးနှစ်ဖက်ထောက်၍ လူကိုဝါးစားတော့မတက်ပြောနေသည်က ကြက်သီးထဖွယ် ကြောက်စရာကောင်းလှသည်။

"ကိုမြိုင် ရှင် ကလေးကို ဒီလောက်ထိမအော်ပါနဲ့ သူလည်း တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ပြန်ချင်မှာပေါ့ ကိုယ်လှုပ်ရှားမှုလည်း ဖြစ်သေးတယ်"

"ဘာဖြစ်လဲ ရှင် သမီးလေးကိုအရမ်းကြီးမဆူပါနဲ့ အခုလည်း သမီးလေးကို ရှင့်ဆန္ဒအတိုင်းပဲ ဟိုကျောင်းပြောင်းလိုက်ဒီကျောင်းပြောင်းလိုက်လုပ်နေတယ်မလား
သူ့ဘာသာသူစိတ်သက်သာရာဖြစ်အောင် သူငယ်ချင်းနဲ့ပြန်လာတာကို ရှင်က ဆူလားပူလားနဲ့ ကျွန်မမကြိုက်ဘူး"

"အေး သမီးကို မာန်လိုက်ရင် မင်းကအရှေ့ကနေ ဝင်ဝင်ကာနေတာ အေး နောက်မှ နောင်တမရနဲ့ ပြီးတော့ ကျောင်းပြောင်းတာကလည်း
ဟိုမိန်းမသားနဲ့
မပတ်သက်စေချင်လို့ ပြောင်းတာ ငါ့ကိုနောက်ထပ် ဘာမှလာပြီးအတွန့်မတက်နဲ့....
ဒီတစ်ခါနောက်ဆုံးပဲဖြစ်ပါစေ
ဒီအိမ်မှာ ငါစိန်မြိုင်ရဲ့ မိသားစုက ငါထားရာနေစေရာသွားရမယ် ဒါပဲ"

Darkness To Light(Completed)Where stories live. Discover now