အပိုင်း ၃၂

184 3 0
                                    

🩸အခန်း ( ၃၂ )🩸

စံအိမ်ကြီး၏ ဧည့်ခန်းထဲတွင် သီရိမြိုင်ရယ်၊ ဦးစိန်မြိုင်နဲ့အတူ ဦးမိုက်တန်ပါရှိနေကာ ဒေါ်တင်မြမြကတော့ ဧည့်သည်အတွက် မုန့်ပွဲစီစဉ်ပေးရန် မီးဖိုခန်းထဲဝင်သွားသည်။

“ဟာ ကိုကြီးနေမကောင်းဘူးဆိုလို့ ကျုပ်လာတာ ဘယ်နှယ့်လဲ အခုနေလို့ကောင်းသွားပြီလား”

“အရင်နေ့ကတည်းက လာချင်နေတာ လုပ်ငန်းတွေက ထိုင်းဘက်မှမပြတ်တာနဲ့ တော်တော်နဲ့မရောက်ဖြစ်နေတာ”

မုန့်ခြင်းကြီးတွေနဲ့ ပန်းခြင်းတွေရောပါလာကာ စားပွဲခုံးလေးပေါ်မှာ ခြင်းတွေနှင့်ပြည့်နေသည်။

“ရပါတယ်ကွာ အခုလိုမျိုး သတိတရနဲ့လာပေးတာကိုပဲ ကျေးဇူးတင်ပါတယ်”

“ဒီဘက်က အမျိုးသမီးက အစ်ကိုကြီးရဲ့ညီမနဲ့တူတယ်”

“ဟုတ်တယ် အမေရိကားကနေ နေ့လယ်ကမှရောက်တာလေ”

လူက ဂနာမငြိမ်ဘဲ မျက်လုံးကကျီးကန်းတောင်းမှောက်ကြည့်ကာ..
“အော် ဒါနဲ့ မဏိလေးရော မမြင်ပါလား ဘယ်သွားတာလဲအစ်ကိုကြီး”

“အဲဒီကိစ္စနဲ့ပဲ တစ်အိမ်လုံးအလုပ်ရှုပ်နေကြတာကွ”

“ဟိုဘက်အိမ်က ခွေးသူတောင်းစားက အတင်းအဓမ္မခေါ်သွားတာလေ ငါ့ကိုမကျေနပ်လို့ ငါ့သမီးကိုခေါ်သွားတာ ရဲကိုတော့ အကြောင်းကြားထားတယ် အခုချိန်ထိ လှမ်းပြီးမဆက်သွယ်သေးဘူး အဲဒီကိစ္စနဲ့ ခေါင်းမီးတောက်နေကြတာ”

“အဲဒါဆို အစ်ကိုကြီး ဘာမှမပူနဲ့ ကျတော့ကို ယုံကြည်ပြီးလွှဲပေးမယ်ဆို အစ်ကိုကြီးသမီးကို အမြန်ပြန်ခေါ်လာခဲ့ပေးမယ်”

“ဟေ တကယ်ပြောနေတာလား”

“ဟုတ်တယ် ကျွန်တော့မှာ လက်ပါးစေတွေရှိတယ် ကျတော်သေဆိုသေ ရှင်ဆိုရှင်မဲ့ကောင်တွေပဲ … ဘယ်နှယ့်လဲ ရှာပေးရမလား အစ်ကိုကြီး”

မိုက်တန်ပြောတာကို ဦးစိန်မြိုင်စဉ်းစဉ်းစားစားဖြင့်ရှိနေစဉ်

“အို အစ်ကိုကြီးကလည်း လက်လွန်ခြေလွန်တွေဖြစ်ကြပါအုံးမယ် အဲဒိကောင်လေးက မကြာခင်ပြန်လာအပ်မှာပါ  သူမေတ္တာရှိလွန်းလို့ခိုးပြေးသွားတာဖြစ်ပါလိမ့်မယ်”

Darkness To Light(Completed)Where stories live. Discover now