အပိုင်း ၁၈

143 2 0
                                    

🩸အခန်း ( ၁၈ )🩸

ဇိုင်းတို့ တောင်အောက်ရောက်ရောက်ခြင်းမှာပဲ မဏိတို့ကိုမတွေ့တာမို့ တီချယ်တို့အနား အလောတကြီး ဖြင့်ရောက်သွားပြီး

“တီချယ် မဏိတို့ပြန်သွားပြီလား”

“အေး ပြန်သွားပြီကွဲ့ သားတို့နဲ့ ၁၀ မိနစ်လောက်ပဲလွှဲသွားတယ် အမြဲတမ်းတက်ကြွနေတဲ့ သမီးလေးက တော်တော်ရှော့ရသွားတယ်ထင်တယ် ပြန်သွားတာအလောတကြီးပဲ”

“အော် ဟုတ်ကဲ့ပါ တီချယ် …. ဟိုလေ…. တီချယ် ကျွန်တော်တို့လည်း ပြန်ချင်တယ် ဘယ်လိုလုပ်ရမလဲမသိဘူးခင်ဗျ”

“အော်...အေး သားတို့ပြန်ချင်ရင် တီချယ်တို့ကားစီစဉ်ပေးရမလား”

“ရတယ် တီချယ် ကျွန်တော်တို့ ဒီလာတဲ့ကားကိုပဲဆက်သွယ်ပြီး စီစဉ်ပြီးပြန်လိုက်ပါ့မယ်”

“အေး အေး သားတို့အဆင်ပြေသလိုလုပ်ပါကွယ်”

“ဟုတ်ကဲ့”

//////////////////////////////////

မဏိတို့စီးလာတဲ့ကားလေးက အိမ်နာလေးကို ရောက်တယ်ဆိုရင်ပဲ
“မဏိ ငါတို့ အိမ်ထဲဝင်ပြီး ပစ္စည်းတွေချပေးမယ်လေ”

“ဟင့်အင်း ရတယ် ငါဘာသာပဲ ဦးဖိုးကောင်းခေါ်ပြီး ချလိုက်မယ် အိမ်အပေါက်ဝတင်ချပေးခဲ့”

“ရပါ့မလား သူငယ်ချင်းရယ်”

“ရပါတယ်
နင်တို့လည်း ငါပြန်တာနဲ့ ပြန်လာရတော့ ခရီးပန်းနေမှာပဲ နားလိုက်တော့နော်”

“အေး…အေး သူငယ်ချင်း အဲဒါဆို ဘိုင်…ဘိုင့်….
ညကျမှ ဖုန်းလှမ်းဆက်လိုက်မယ်”

“အင်း”

ကြည်ပြာတို့သူငယ်ချင်းကို ကြည့်ပြီးစိတ်ထဲနည်းနည်းတော့ ထူးဆန်းရသည်။ သူလည်း ထိတ်လန့်စရာကောင်းတဲ့ကိစ္စရပ်ကြုံလို့ဖြစ်မှာပါဟု စိတ်ထဲကနေဖြည့်တွေးရင်း  သူငယ်ချင်းမလေးကို နားလည်ပေးလိုက်ကြသည်။

မဏိ ခြံပေါက်မှာပင် ပစ္စည်းတွေကိုချလိုက်ပြီးနောက်

“ ဦးဖိုးကောင်း….ဦးဖိုးကောင်း ဒီမှာ သမီးပြန်လာပြီ ပစ္စည်းတွေသယ်ပေးပါအုံး….

Darkness To Light(Completed)Where stories live. Discover now