🩸အခန်း ( ၁၃ )🩸
🌊မှောင်ရီပျိုးမှ
အလင်းစစ်🌊တေဇိုင်း❣️ မဏိပျို
“ပထမဉီးဆုံး တီချယ်တို့ပြောချင်တာက လမ်းမှာကိုယ်အဖွဲ့ကိုမကွဲအောင် သေချာဂရုစိုက် တစ်ယောက်နဲ့တစ်ယောက်စောင့်ခေါ်ရမယ် စည်းစည်းလုံးလုံးနဲ့ လုပ်ရင် မြန်မြန်ဆန်ဆန်ရှာတွေ့လိမ့်မယ်"
“ကဲ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် စထွက်မယ်”
“ဟုတ်ကဲ့ပါ တီချယ်”
တီချယ်တို့က မှာစရာရှိတာ မှာကြားပြီးနောက် ကျောင်းသူကျောင်းသားတွေလည်း အထုပ်အပိုးကိုယ်စီ ဝတ်စုံပြည့်ဖြင့်အလျှိုလျှိုဖြင့် အဖွဲ့လိုက်ထွက်ခွာလာခဲ့ကြသည်…
ထိုအထဲမှ မဏိတို့သူငယ်ချင်းမသုံးယောက်လည်း အပါအဝင်ဖြစ်သည်။
“သူငယ်ချင်းတို့ ငါတို့ ဒီ MISSION ကိုမြန်မြန်ပြီးအောင် လုပ်ရမယ် ဒါမှ တို့ပထမရမှာ”
“ဟင့်အင်း ငါကတော့ မရချင်ပါဘူး ဘာဖြစ်လို့လဲဆို ငါတို့က ပျော်ရွှင်ဖို့အတွက်ခရီးထွက်လာကြတာ ပထမဆုလိုချင်လို့ မဟုတ်ဘူး ပိုပြီးထူးခြားတာက ဒီလိုတောင်တန်းကြီးအပေါ်မှာ ခရီးထွက်ရတာ ဘယ်လောက်ကောင်းလဲ နောက်ထပ်ပြန်မရနိုင်တဲ့ Memorary လည်းဖြစ်တယ်”
“ဟာ မဏိကလည်း တို့တွေနောက်ဆိုလည်း လျှောက်လည်ကြမယ်လေ ဒီလိုနမိတ်မရှိ နမာမရှိ စကားကိုမပြောပါနဲ့ဟာ”
“အော် ငါက ဒီလိုပဲ ပြောလိုက်တာပဲ”
စကားတပြောပြောဖြင့်လျှောက်လာကြတာ တောင်တက်လမ်းအစကို ရောက်လာခဲ့ကြသည်။
“ကဲ ငါတို့သတိထားပြီး လျှောက်ရမယ်နော် မြေတွေလည်းရှိလား မသိဘူး”
"ဟယ် ကြောက်တယ်ဟ မပြောနဲ့ "
“အေး အေး အာလုံးဖိုက်တင်း”
တောင်တက်လမ်းမှာ
ချုံနွယ်တွေကလည်း ပေါမှပေါ အောက်မှာလည်း တချို့နေရာတွေက ရေညိှလိုချောနေကာ ခြေနင်းတွေစီးထားလို့ တော်ကာကျသေးသည်။မဏိဆိုဝတ်ထားသောပုံစံက အောက်ကပန်းရောင်အသားကပ်ဘောင်းဘီလေးကို စကပ်ပန်းရောင်လေးထပ်ဝတ်ထားကာ အပေါ်မှာတော့ လက်ရှည်ပန်းရောင်ချည်သားလေးကို ဝတ်ဆင်ထားသည်။ဆံပင်ကို ခပ်မြင့်မြင့်လေးစီးထားကာ အဖြူရောင် ဉီးထုပ်အဝိုင်းလေးကို ဆောင်းထားသည်။
YOU ARE READING
Darkness To Light(Completed)
Romanceမှောင်ရီပျိုးမှ အလင်းရောင်၏တန်ဖိုးကို သိနိုင်၏.... ထိုအတူပဲ ကျွန်တော်တေဇိုင်းသည်လည်း သူမနဲ့ဝေးကွာပြီးနောက် နက်ရှိုင်းစွာရင်ထဲခံစားလာရတာက အချစ်စစ်တစ်ခု....ထိုအချစ်ကို လှပစွာပုံဖော်ဖိုရာ၌ သူမက ထွက်သွားခဲ့ပြီဖြစ်သည်။ Novels by QUEEN