🩸အခန်း ( ၉ )🩸
စာမေးပွဲတွေပြီးတော့ မဏိ တီတီကြီးဆီသို့ အလည်သွားရန်ပြင်နေ
စဉ်
သူငယ်ချင်းမနှစ်ယောက်ဖြစ်တဲ့ ကြည်ပြာမိုးနဲ့ သီနန်းမေက ရောက်လာသည်…“အမလေး မဏိတို့များနော် ကိုယ့်သူငယ်ချင်းဆီကို ဖုန်းတောင်မဆက်ဘူး ငါတို့မှာသာ လွမ်းလို့လိုက်လာရတာ … ဟွန့် မပြောချင်ဘူး”
“ဟီ…ဟီ…”
မဏိလက်လေးနှစ်ဖက်ပူးပြလျက် နှုတ်ခမ်းလေးဆူကာ
“စိတ်မဆိုးပါနဲ့ ငါက မအားလို့ပါ သူငယ်ချင်းတို့ရယ်”“လာ … လာ အိမ်ထဲဝင် မိန်းမတွေ အခုမှ လာဖော်ရတယ်”
သူငယ်ချင်းမနှစ်ယာက်ကို လက်ကလေးဆွဲပြီး်တော့
“ငါက အခုလောလောဆယ် လန်ဒန်မှာနေတဲ့တီတီမျိုးစီ အလည်သွားမလို့ ပြင်ဆင်နေတာနဲ့ တကယ်မအားလို့ပါဟာ”“ဟင် ဟုတ်လား”
“ငါတို့က သင်္ကြန်ကျရင် ရေပတ်ခံထွက်ရအောင်လို့ လာပြောတာ
ပြီးတော့ သင်္ကြန်ကလည်း ဘယ်လောက်မှ
မလိုတော့ဘူးလေ ရက်၂၀လောက်ပဲလိုတော့တာ နင်ကအချိန်မှီ
ပြန်ရောက်ပါ့မလား
နင်ကလည်းလေ ဘာများလည်းမသိဘူး..ဟုတ်တယ်”သီနန်းက မဲ့ရှုံရှုံနှင့်ပြောပြီးနောက် ကြည်ပြာကဆက်၍
"ပြီးတော့ နောက်တစ်ခုကကျောင်းကလည်း Field trip အနေနဲ့ Excursionထွက်မလို့
အဲဒါနင့်ကို ဆရာမက
လာခေါ်ခိုင်းလို့ လာကြတာ နောက်ပြီး တီချယ်ကပြောလိုက်သေးတယ်.. အေး တကယ်လို့မှ ငါတို့ခေါ်တာကိုမလိုက်ဘဲနဲ့ ငြင်းမယ်ဆိုရင်
သူကိုယ်တိုင် နင်အဖေဆီမှာ လာခေါ်မှာတဲ့ …
အဲဒါတော့ နင်မငြင်းရဘူးနော် လိုက်ရမယ် သိလား”“ဟင် မလိုက်ချင်ပါဘူးဟာ
ငါကအဲဒီကျောင်းမှာလည်းနေတော့တာမှ မဟုတ်တာ နောက်ပြီး
ဟိုအမြင်ကတ်စရာကောင်းတဲ့ တေဇိုင်းတို့လည်း ပါမှာမဟုတ်လား”မဏိ မဲ့ရှုံရှုံလေးပြောတော့
“အေး သူငယ်ချင်း အဲဒီအတွက်တော့ ဘာမှမပူနဲ့တော့ အဲအကောင်တွေက မလိုက်ဘူး သူတို့ဘာသာသပ်သပ်ပဲ လွတ်လွတ်လပ်လပ်ခရီးထွက်မှာတဲ့ ဆရာမကို ကိုယ်တိုင်ပြောသွားတာ”
YOU ARE READING
Darkness To Light(Completed)
Dragosteမှောင်ရီပျိုးမှ အလင်းရောင်၏တန်ဖိုးကို သိနိုင်၏.... ထိုအတူပဲ ကျွန်တော်တေဇိုင်းသည်လည်း သူမနဲ့ဝေးကွာပြီးနောက် နက်ရှိုင်းစွာရင်ထဲခံစားလာရတာက အချစ်စစ်တစ်ခု....ထိုအချစ်ကို လှပစွာပုံဖော်ဖိုရာ၌ သူမက ထွက်သွားခဲ့ပြီဖြစ်သည်။ Novels by QUEEN