အပိုင်း ၂၂

122 2 0
                                    

🩸အခန်း ( ၂၂ )🩸

တေဇိုင်း💞မဏိပျို

တေဇိုင်း အခန်းထဲဝင်သွားမှ မဏိအသက်ရှူချောင်သွားကာ တိုက်ခန်းကိုမျက်လုံးဝေ့ကြည့်လိုက်တော့
မဏိငယ်ငယ်တုန်းက သူနဲ့ရန်ဖြစ်နေသော ပုံကို ပုံကြီးချဲ့ထားသည်…

ထိုပုံထဲမှာ မဏိက ကျောင်းစိမ်းဝမ်းဆက်လေးဖြင့် လက်လေးပိုက်လျက် နှုတ်ခမ်းလေးကို ဆူထော်ထားကာ သူကတော့ မဏိကိုပေစောင်းစောင်းကြည့်နေကာ ဂျစ်တီးဂျစ်ကန် မိုက်ကန်းကန်းပုံပေါက်နေသည််…

ဒီပုံကို ဘယ်တုန်းကများရိုက်ထားသလဲလို့ တွေးရင်း ရေဆာလာတော့ သူဝင်သွားသောအခန်းကို ကြည့်လိုက်တော့လည်း ပြန်ထွက်မလာသေးတာမို့ သောက်စရာတစ်ခုခုများရနိုင်မလားလို့ မီးဖိုခန်းထဲ ဝင်ခဲ့သည်….

မီးဖိုခန်းထဲမှာလည်း ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်တော့ ရေနဲ့ သစ်သီးတွေကိုသာတွေ့လိုက်ရသည်…

“သူ ဒီမှာ ချက်ပြုတ်မစားဘူးနဲ့တူတယ်”

“အို.. ငါဘာလို့တွေးနေတာပါလိမ့် ငါနဲ့မှ ဘာမှမဆိုင်ဘဲ သူ့မှာ မိန်းမရှိနေရင် ဘယ်လိုလုပ်မလဲ”

“မဏိ…မဏိ…နင့်စိတ်ကိုနင်ပြန်ထိန်းစမ်း နင်သူ့ကို နာကျည်းနေတာမဟုတ်လား ….သူလုပ်လို့ နင့်ဘဝလေး ကလေး ၂ ယောက်နဲ့ လူပုံအလယ်မှာမျက်နှာငယ်ခဲ့ရတာမလား…”

//////////////////////////////////

ဇိုင်း အဝတ်အစားလဲပြီး ဧည့်ခန်းထဲ မဏိကိုကြည့်လိုက်စဉ်မတွေ့တော့
လူကပြာသွားကာ  ဧည့်ခန်းထဲအပြေးသွား၍ မျက်လုံးဝေ့ကြည့်လိုက်တော့ မီးဖိုးခန်းထကှ ထွက်လာတာကိုမြင်မှ သက်ပြင်းမောချရသည်…

“ကိုယ်က ဘယ်များသွားလဲလို့ရှာနေတာ ရေသွားသောက်တာလား”

မဏိ ပိုက်ဆံအိတ်လေးကို လက်မှာကိုင်လိုက်၍

“ မြင်ရက်သားပဲနဲ့ ဘာလို့မေးနေတာလဲ”

“ဘာမှ မဟုတ်ပါဘူး”

မဏိရဲ့အပြောအဆိုတွေက အရင်ကနဲ့မတူဘဲပြတ်သားစွာဖြင့်
မျက်နှာလေးကလည်း မာကျောနေသည်…
အေးလေ သူကလည်း သေမလောက်အပြစ်ကို ကျူးလွန်ခဲ့တာမဟုတ်လား….

Darkness To Light(Completed)Where stories live. Discover now