အပိုင်း ၂၈

143 3 0
                                    

🩸အခန်း ( ၂၈ )🩸

မှောင်ရီပျိုးမှ အလင်းစစ်
☯️🔻🔹🔸

“ဘောစ့် ပါဆယ်ရောက်လာပါတယ်”

“အင်း ဘယ်ကလာပို့တာတဲ့လဲ”

“ဟုတ်…ပါဆယ်ထိပ်မှာ မဏိပျိုလို့တော့ ရေးထားပါတယ်”

“ဟင်…မဏိက ဘာပစ္စည်းများပို့လိုက်တာလဲ…ပေး…ဒီပေး …မြန်မြန်”

ဇိုင်း သူ့မျက်နှာမှာလည်း  မေးခွန်းပေါင်းများစွာဖြစ်ထွန်းသွားသည်။

အမြန်ဖွင့်ကြည့်လိုက်တော့ ကတ်ထူပုံးလေးထဲမှာ စာချုပ်တစ်စောင်ရယ်၊ စာတစ်စောင်ရယ်ကိုတွေ့ရသည်။ စာထဲမှာရေးထားတာကတော့  မြေကွက်စာချုပ်ကို ပြန်ပို့ပေးလိုက်တာဖြစ်ကြောင်းနှင့် နောက်နောင်ဘယ်သောအခါမှ မပတ်သက်ဖို့ ပြောထားသည်။
ပြီးတော့ မိသားစုချင်းက ရန်ဘက်တွေမို့လို့ လမ်းမှာတွေ့ရင်တောင် မသိတဲ့သူလို့ဆက်ဆံပေးဖို့ပြောထားသေးသည်။

“ဗြိ…ဗြိ”

“အဓိပ္ပါယ်မရှိလိုက်တာ ဒါ.. သက်သက်ဦးစိန်မြိုင်ရဲ့လက်ချက်ပဲဖြစ်ရမယ်…တွေ့မယ်…ဇိုင်းနဲ့ကောင်းကောင်းတွေ့ရမယ်…အဓိပ္ပာယ်မရှိတဲ့ အဖိုးကြီး”

////////////////////////////////

ရမ်လေး ဒီနေ့မှ နောက်ကျနေကာ ကားပါကင်ထိုးတုန်းရှိသေး…..ဒေါသတကြီးဖြင့် ဓာတ်လှေကားထဲမှထွက်လာသော ဇိုင်းကိုမြင်လိုက်ရတော့ ကားပေါ်မှမြန်မြန်ဆင်းကာ အပြေးအလွှားလိုက်ရသည်….

"ဗုန်း"

ဇိုင်း ကားတံခါးပိတ်တာကို ကြည့်တာနှင့် သူ့ရဲ့ဒေါသဒီကရီအရှိန်ကို ခန့်မှန်းမိသည်။

“ဟေ့ကောင်..ဇိုင်း ဘယ်လဲ ဘယ်သွားမလို့လဲ ဒီနေ့နေလည်မှ ဧည့်သည်တွေနဲ့တွေ့ရမှာလေ”

“ငါ အခုချိန်မှာ မအားသေးဘူး ရမ်လေး နောက်မှစကားပြောကြတာပေါ့”

“အေး…အခုက ဘယ်သွားမလို့လဲ”

“ဦးစိန်မြိုင်ဆီကို”

“ဘာ အဲဒီအဖိုးကြီးဆီကို ဘာသွားလုပ်မှာလဲ”

“မင်းပြောရတာကြာတယ် ငါ့ဒေါသကိုပိုဆွနေသလိုပဲ..သွားပြီ”

Darkness To Light(Completed)Where stories live. Discover now