အပိုင်း၁၅

168 2 0
                                    

🩸အခန်း ( ၁၅ )🩸

တေဇိုင်း 💕 မဏိပျို

“ကိုမြိုင် ကျွန်မသမီးလေးကိုထည့်သာထည့်လိုက်ရတာ စိတ်က မချဘူးတော့”

“ဟာ မင်းကလည်း ဘာစိတ်မချစရာရှိလဲ သူ့သူငယ်ချင်းတွေရော၊ ဆရာမတွေရောပါတယ်လေ ဘာမှမဟုတ်တာကို ပူနေတယ် 
အဲဒါဆိုရင် အစကတည်းက မထည့်လိုက်ပါနဲ့လား
နောက်ပြီး သူ့အဒေါ်ရှိတဲ့ အမေရိကားမှာလည်း ကျောင်းသွားတက်ဉီးမှာပဲ အဲခါကျရင် မင်းအကြာကြီးတောင် ခွဲနေရဉီးမယ် ကိုယ့်ဘာသာကိုယ် အိပ်မှာဖြင့် အိပ် မနက်ကျမှ အိပ်ရေးမဝလို့ ခေါင်းမကြည်ရင် ပွစိပွစိမလုပ်နဲ့ ငါတော့အိပ်ပြီ”

ဉီးစိန်မြိုင်တစ်ယောက်ပြောပြီး မကြာပါဘူး အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်သွားလေသည်။

သမီးအကြောင်းတွေးပြီး မအိပ်နိုင်သေးသောသူကတော့ ဒေါ်တင်မြမြသာ….

///////////////////////////////

ည ၁၁ နာရီထိုးတော့မည် ကြည်ပြာနဲ့ သီနန်း အခုချိန်ထိ မအိပ်သေးဘဲ ငုတ်တုတ်ထိုင်ကာ သူငယ်ချင်းမ မဏိအတွက် ပူပန်နေရသည်။
တကယ်ဆို သူတို့အပြစ်လုံးလုံးမကင်းပါ သူငယ်ချင်းမကို သေချာစောင့်ခေါ်ခဲ့ရမှာမလား
အခုတော့တော်သေးသည်
ဇိုင်းရောက်လာလို့ မဟုတ်ရင် မတွေးရဲစရာပင် ညက အန္တရယ်များ၍ မနက်မှအစောကြီးထပြီး တောင်ပေါ်တက်မည်ဟု တီချယ်တို့က ပြောထားသည်။

သီနန်း ငါတို့ ခနလောက်တော့ အိပ်မှဖြစ်မယ်ထင်တယ် ဒါမှမနက်ကို တောင်ပေါ်တက်နိုင်မှာ မဟုတ်ရင် မူးလဲလိမ့်မယ်ဟ”

“အဟင့်…ဟင့် နင့်ဘာသာအိပ်ချင်အိပ် ငါတော့
မအိပ်နိုင်သေးဘူး ခုလိုဖြစ်ရတာ ငါတို့ကြောင့်သိလား ငါတို့သာစောစောပြန်ခဲ့ရင် အခုလိုအဖြစ်မျိုးနဲ့ ကြုံရမှာမဟုတ်ဘူး”

“အေးပါ ဒါပေမဲ့ ငါတို့ကလည်း အနောက်မှာ ပါတယ်ပဲထင်တာလေ သက်သက်မဲ့ထားခဲ့တာမှ မဟုတ်တာဟာ”

“မငိုပါနဲတော့ သူငယ်ချင်းရာ ခေါင်းတွေကိုက်နေလိမ့်မယ် မနက်ကျစောစောသွားရှာမှာပဲဟာ အိပ်တော့နော် အိပ်တော့ … လာ…လာ”

Darkness To Light(Completed)Where stories live. Discover now