အပိုင်း ၁၉

370 7 0
                                    

🩸အခန်း ( ၁၉ )🩸

တေဇိုင်း 💔💔 မဏိပျို

မဏိတစ်ယောက် ဇိုင်းကိုထားခဲ့ပြီး လေယာဉ်ပေါ်တက်လိုက်စဉ်မှာပဲ သူမစိတ်ထဲတွေးလိုက်မိတာက မြန်မာပြည်ကြီးကို နှုတ်ဆက်ခဲ့ပြီးပဲဖြစ်တယ် …
ထို့အတူ သူ့ကိုရောပေါ့  အခု ဖြစ်ခဲ့တာတွေကိုမေ့ပစ်ပြီး အခြားတိုင်းပြည်မှာပဲ ကြယ်လေးတစ်ပွင့်လို တောက်ပနေမည်ဟုသာ   …. 
သို့သော် သူမရဲ့ရည်မှန်းချက်တွေ ပြည့်နိုင်ပါ့မလားဆိုတာတော့ သူမတစ်ယောက် အသေအချာမသိနိုင်ခဲ့ပါဘူး….

///////////////////////////////

“ဇိုင်း မင်း ဒီလိုမလုပ်နဲ့ကွ မဏိက ထွက်သွားပြီပဲဟာ
သူ့ကိုသွားခွင့်ပေးလိုက်ပါတော့ သူငယ်ချင်းရာ”

ရမ်လေးတို့ပြောသာပြောလိုက်ရပေမဲ့ သူတို့သူငယ်ချင်းအကြောင်း သူတို့သာသိသည်။ 
မဏိကို
တကယ်ချစ်လို့သာ
ဒီကောင်သောင်းကျန်းနေခြင်းပင် လုံခြုံရေးတွေကလည်း အတင်းဝိုင်းထိန်းထားတော့ ခရီးသွားတွေကလည်း အကုန်လုံးဝိုင်းပြီးရပ်ကြည့်နေကြသည်။

သူတို့သတိထားကြည့်မိသလောက်ဆိုရင် ငယ်ငယ်လေးကတည်းက မဏိက လွဲပြီး ဘယ်ကောင်မလေးမှ
အနားကပ်မခံ…
ငယ်ငယ်တုန်းကတော့
သူတို့နှစ်ယောက်ကြားမှာ အနိုင်ယူခြင်းဟူသော ခေါင်စဉ်တပ်ကာ ယှဉ်ပြိုင်ကြသည်…
ကြီးလာတော့လည်း မဏိအပေါ် ခံစားချက်တွေရှိကာ သူကိုယ်တိုင်အဓိပ္ပါယ်မဖွင့်နိုင်ခင်မှာတင်  မဏိကထွက်သွားပြီဖြစ်သည်။

ဇိုင်းနည်းနည်းငြိမ်သွားတော့ လုံခြုံရေးတွေက လက်လွှတ်လိုက်ကာရှိသေး

“ခွပ်…ခွပ်…ခွပ်”

သူ သူ့ကိုယ်သူဒေါသထွက်၍ အုတ်နံရံကို လက်သီးဖြင့်ထိုးပြီး နာကျင်အောင် အပြစ်ပေးနေခြင်းသာ
သူအဲဒီလိုမလုပ်ရင် မဏိလည်း
အခုလိုမြန်မြန်ထွက်သွားမှာမဟုတ်ဘူး
သူ့ကြောင့်ဖြစ်ရတာ ..
သူ့ကြောင့်.....

“သူငယ်ချင်းရာ မလုပ်ပါနဲ့တော့ မင်းလက်တွေပေါက်ပြဲကုန်ပြီ အကုန်လုံးဝိုင်းကြည့်နေကြတယ်ကွ”

စိုင်းနဲ့ရမ်လေး အတင်းဆွဲထားမှ ဇိုင်းငြိမ်ကျသွားကာ မျက်ရည်လည်ရွှဲဖြင့်
အော်ငိုတော့သည်….

Darkness To Light(Completed)Where stories live. Discover now