🩸အခန်း ( ၃၅ )🩸
မှောင်ရီပျိုးမှ အလင်းစစ်
❣️💕💞
“အလှလေး ရောက်လာပြီးလား …. ကိုကြီးက အလှလေးကို ကိုကြီးရဲ့နန်းဆောင်ထဲ ခေါ်သွားမလို့ရောက်လာတာ”
“ရှင့်ရဲ့ အရူးစကားတွေကိုလာမပြောနဲ့ ဘာအလှလေးလဲ ရှင်ရပ်ခိုင်းလိုက်နော် ရှင့်လူတွေကို”
“ကိုကြီးနဲ့ အသာတကြည်လိုက်ခဲ့မယ်ဆိုရင် ရပ်လိုက်ပါ့မယ် .... အလှလေးရဲ့ ဒယ်ဒီကလည်း မျှော်နေတယ်…ကိုကြီးကိုလိုက်ရှာခိုင်းထားတာ အခုတွေ့ပြီဆိုတော့ ပြန်မယ်… ကလေးတွေရော”
“ဟင် … ဒယ်ဒီက လာခေါ်ခိုင်းလိုက်တာလား”
“ဟုတ်တယ်လေ”
"ဟေ့ကောင်တွေ ရပ်လိုက်တော့"
ဇိုင်း ထိုသူတွေနဲ့ ချနေရင်းမှ ရပ်လိုက်ပြီး
မဏိနားရောက်လာကာ“မဏိ သူပြောတာကိုမယုံနဲ့ မင်းအဖေက ခေါ်ခိုင်းတာ မဟုတ်ဘူး”
“ဒါပေမဲ့ သူက ဒယ်ဒီလူလေ”
“နေအုံး မယုံရင် အစ်ကိုကြီးဆီကို ဖုန်းဆက်ပေးမယ်”
ဇိုင်းနဲ့မဏိ တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ပြီး ရပ်နေကြကာ မျက်နှာမှာလည်း စိုးရိမ်ခြင်းတွေအပြည့်။ ဇိုင်းကတော့ မဏိပြန်လိုက်သွားမှာ ဆိုးကာ၊ မဏိကတော့ သူမအဖေကို စိတ်ပူနေသည်။
“ဟဲလို အစ်ကိုကြီး ဒီမှာ မဏိကိုတွေ့ပြီ ကျွန်တော် အိမ်ပြန်ခေါ်လာခဲ့မယ်နော်…မဏိက မယုံလို့တဲ့ ဖုန်းလေးပြောလိုက်ပါအုံး”
“ရော့ ဒီမှာ မင်းအဖေက ဖုန်းပြောမယ်တဲ့”
“ဟယ်လို ဒယ်ဒီပြောပါ”
“အေး…သမီး..ဒယ်ဒီစိုးရိမ်နေတာ သမီးလေးသိတယ်မဟုတ်လား ပေါင်းစည်းလို့မရတဲ့ဘဝနှစ်ခုကို ဆုံစည်းဖို့မကြိုးစားပါနဲ့ သမီးရယ်။ အခု မိုက်တန်နဲ့ ပြန်လိုက်ခဲ့နော် ဒယ်ဒီမျော်နေမယ်..ငါ့သမီးလေးကို ဒယ်ဒီချစ်တယ်နော်…
ပြန်လိုက်ခဲ့ … ဒယ်ဒီရောဂါအကြောင်းလည်း သိတယ်မဟုတ်လား”“မာမီသမီးလေး…
မာမီ..ပြောနေတာ ပြန်လိုက်ခဲ့ပါနော် သမီး ဒီမှာ ညည်းအဖေစိတ်ပူနေတယ်”
YOU ARE READING
Darkness To Light(Completed)
Romansမှောင်ရီပျိုးမှ အလင်းရောင်၏တန်ဖိုးကို သိနိုင်၏.... ထိုအတူပဲ ကျွန်တော်တေဇိုင်းသည်လည်း သူမနဲ့ဝေးကွာပြီးနောက် နက်ရှိုင်းစွာရင်ထဲခံစားလာရတာက အချစ်စစ်တစ်ခု....ထိုအချစ်ကို လှပစွာပုံဖော်ဖိုရာ၌ သူမက ထွက်သွားခဲ့ပြီဖြစ်သည်။ Novels by QUEEN