အပိုင်း ၂၀

337 8 0
                                    

🩸အခန်း ( ၂၀ )🩸

(၅ နှစ်ကြာပြီးနောက်)

အမေရိကန်နိုင်ငံ၏
သာယာလှပသောကောင်းကင်ကြီးထက် တိမ်လေးတွေက
ဟိုတစ်စု ဒီတစ်စုဖြင့်  မိုးကောင်းကင်ကြီးကိုလှပအောင်ပုံဖော်ထားပြီး လေပြေလေအေးတွေလည်း တိုက်ခတ်ကာ နေချင်စရာကောင်းသော ရာသီဥတုလေးမှာ ကလေးလေးနှစ်ယောက်ကတော့ ဆော့ကစားနေလေသည်…

“အမြုတေ နဲ့ အမြုစစ် ဘယ်မှာလဲ မာမီ စိတ်မရှည်တော့ဘူးနော် ပြန်ရတော့မှာ လေယာဉ်ချိန်ကပ်နေပြီ….. မြန်မြန်လာကြနော်”

မဏိ ခါးနှစ်ဖက်ကိုထောက်လျက်ဖြင့် ခြံထဲ့မှာလိုက်ရှာနေသည်….

“ဘယ်မှာလဲ မာမီ့ကိုပုန်းမနေနဲ့တော့နော်
မာမီမကြိုက်ဘူး အမြုတေ”

“အော် မဏိရယ် ကလေးတွေကိုငေါက်မနေနဲ့တော့ သွားသွားထည့်စရာရှိတာထည့်ထား လေယာဉ်ချိန်ကလည်း လိုသေးတာပဲ အေးအေးဆေးဆေးလုပ်လို့ရပါတယ်…သွား..သမီးသွား’’

ဒေါ်သီရိမြိုင် ထိုသို့ပြောလိုက်မှ မဏိစိတ်လျော့ကာ အိမ်ထဲသို့ ဝင်သွားပြီး ကလေးတွေအတွက်လိုအပ်သောအသုံးအဆောင်ပစ္စည်းတွေကို ထည့်လိုက်သည်…

ကလေးတွေနှင်ပတ်သက်လာရင် တူမလေးက အကဲဆတ်သည်...
တခါတစ်လေ ကလေးတွေပြောစကားနားမထောင်သည့်အခါ သူပါရောငိုတက်သေးသည်....

တစ်ခါတစ်လေ စဉ်းစားမိသည်... တူမလေးက အခုမှ  ၂၁ နှစ်တင်းတင်ပြည့်တာဖြစ်ပြီး ကလေးစိတ်မကုန်သေးလို့သာ သူမတို့ဘဝထဲသို့ ကလေးလေးနှစ်ယောက်ကို ခေါ်နိုင်ခဲ့တာ ဖြစ်သည်...

ကိုယ်ဝန်ရှိတယ်လို့
စစသိချင်းတုန်းကဆိုရင်
ငိုလိုက်တာမှ ချုံးပွဲချမတက်ပင် ....
သူ့ကိုယ်သူလည်း
သက်သေဖို့တောင် ကြိုးစားတော့ သီရိမြိုင်အသိမြန်လို့သာ တူမလေးအသက်ကိုရော ကလေးလေးတွေ အသက်ကိုပါ
ကယ်တင်နိုင်ခဲ့သည်..

အရွယ်နှင့် မမျှသော
လောကဓံရိုက်ချက်ကို ခံစားခဲ့ရသည်....

ပညာရေးကတော့ လွန်ခဲ့သောလကမှ ဘွဲ့ရခဲ့ပြီး အစ်ကိုကြီးတို့ကလည်း ပြန်ခေါ်နေပြီမို့ သူမလည်း ပြန်ပို့ဖို့စီစဉ်နေရခြင်းဖြစ်သည်။

Darkness To Light(Completed)Where stories live. Discover now