🩸အခန်း ( ၁၀ )🩸
မှောင်ရီပျိုးမှ အလင်းစစ်💦💦💦💦
တေဇိုင်း 💚 မဏိပျို“မင်းကို ငါမေးနေတယ်လေ မဏိ”
“ငါက နင်မေးတိုင်းဖြေရမှာလား ကိုယ်ဘာသာကိုယ်ရေခဲမှုန့်လာစားတာမလား နင့်အပေါင်းအပါတွေနဲ့ အေးဆေးစား ငါ့ကိုလာမရှုပ်နဲ့”
“အော် မတွေ့ရတဲ့ရက်တွေအတွင်းမှာ တော်တော်လေးအကြောတင်းသွားတာပဲ လူလူချင်းစကားပြောရင် မျက်နှာကိုကြည့်ပြီး ယဉ်ယဉ်ကျေးကျေးပြောရမယ်လို့ မင်းအဖေက သင်မထားဘူးလား”
မဏိ ထိုင်နေရာမှထ၍ “နင်မမိုက်ရိုင်းနဲ့ တေဇိုင်း ငါ့ဒယ်ဒီကို ဘာမှပြောစရာမလိုဘူး ကိုယ့်အကန့်နဲ့ကိုယ်နေလို့ပြောထားတယ်နော်"“မနေပါဘူး မင်းပြောတဲ့အတိုင်း ဘာလို့နေရမှာလဲ”
“ အရင်အနမ်းတွေက
ပေါ့တယ်နဲ့တူတယ်
ဒီတစ်ခါအနမ်းကို မှတ်မှတ်သားသားဖြစ်သွားအောင် နမ်းပေးမယ်”“နမ်းကြည့်လိုက်လေ
အရင်လိုငြိမ်ခံနေမှာမဟုတ်ဘူး ပါးရိုက်မှာ”ပါးလေးကို ပွတ်ပြလိုက်ကာ
“အိုးဟို နာရချည်သေးရဲ့”ငစိုင်းတို့တစ်ဖွဲလုံးရောက်လာပြီး
“ဟေ့ကောင် ဇိုင်းဘာဖြစ်နေတာလဲကွ တခြားသူတွေ ကြည့်နေတယ်လေ မဏိနဲ့ ရန်ဖြစ်မနေနဲ့
လာ…လာပါကွာ”ရမ်လေးဆွဲခေါ်လာတော့ သူမှင်သေသေဖြင့်သာပါလာသည်..
မျက်လုံးကတော့ သူမကိုဆူးနစ်နေအောင်ကြည့်လျက်
ဇိုင်းထင်တာက မဏိ တစ်ခုခုတော့ဖြစ်နေသည်… အရင်ဆို ဒီလောက်ထိသူ့ကိုပြန်ရန်
မတွေ့ ခုမှဘယ်သူ့အားကိုးနဲ့ ပြန်ပြောနေသည်မသိ
သူတို့များ ကောင်မလေးတွေနဲ့လာတာမကြိုက်လို့လားမသိ စိတ်ထဲဘယ်လိုမှ ဖြေရှင်းချက်မပေးနိုင်တော့“ဒုန်း … မကျေနပ်ဘူး မဏိပျို”
သူ မဏိတို့စားပွဲဝိုင်းအနား ရုတ်ချည်းထသွားကာ လက်မောင်းလေးကနေဆွဲထူ၍ လျှာလေးဖြင့်နှုတ်ခမ်းကို တစ်ချက်သပ်လိုက်ပြီး
“မင်းမှာ အားကိုရှိနေလို့လား ဟုတ်လားမဏိ”
“ဟမ် တေဇိုင်းနင်
ငါ့သူငယ်ချင်းကို ဒီလိုဆွဲလားရမ်းလားမလုပ်ပါနဲ့ ငါတို့တောင်းပန်ပါတယ်”
YOU ARE READING
Darkness To Light(Completed)
Romansမှောင်ရီပျိုးမှ အလင်းရောင်၏တန်ဖိုးကို သိနိုင်၏.... ထိုအတူပဲ ကျွန်တော်တေဇိုင်းသည်လည်း သူမနဲ့ဝေးကွာပြီးနောက် နက်ရှိုင်းစွာရင်ထဲခံစားလာရတာက အချစ်စစ်တစ်ခု....ထိုအချစ်ကို လှပစွာပုံဖော်ဖိုရာ၌ သူမက ထွက်သွားခဲ့ပြီဖြစ်သည်။ Novels by QUEEN