🩸အခန်း ( ၂၁ )🩸
တေဇိုင်း💞မဏိပျို
“ဟယ် ဟိုမယ် ငါ့မြေးလေးတွေ လာပြီတော့”
ဒေါ်တင်မြမြ သမီးလေးကို လေယာဉ်ကွင်းမှာ လာကြိုခြင်းဖြစ်ကာ သူမပုံစံက သမီးလေးကိုတွေ့လိုက်ရတော့ အပျော်ကြီးပျော်နေလေသည်...
“သမီးလေး မာမီတို့ ဒီမှာ”
“မာမီ…”
“ဖွားဖွား”
မဏိ ခရီးသည်ထွက်ပေါက်ကနေ ထွက်လာလာချင်း မာမီတို့ကို လိုက်ရှာတော့ အဖြူရောင်အလံကြီးကို လွှင့်၍ ကားသမား ဦးဖိုးကောင်းနဲ့ အတူတူရပ်နေတာကို တွေ့လိုက်ရသည်….
အနားရောက်ခါရှိသေး
အထုတ်တွေကို
ဦးဖိုးကောင်းက ကားဆီယူသွားတော့ မဏိတို့မြေးအဖွားတစ်သိုက်သာ ကျန်ခဲ့တော့သည်….မာမီက မဏိလက်လေးကို ကိုင်ပြီး ပါးလေးကို လက်ဝါးလေးဖြင့်ထိကာ မျက်တောင်မခတ်တမ်းကြည့်၍
“အမလေး ငါ့သမီးလေးက လှနေလိုက်တာတော် မင်းသမီးရှုံးရတယ်”
“မြေးလေးတွေကလည်း ချစ်စရာလေးတော်”
“အဟွန့် မာမီကလည်း ကြံဖန်ပြီးမြှောက်ပြောနေပြန်ပြီ”
“မြှောက်မပြောပါဘူး သမီးလေးက အရင်ကထက် တကယ်ကိုထွားပြီး ဖြူချောကြီးလှရက်နေတာ..”
“အဟွန်း ဟုတ်ပါပြီ”
“အမလေး လာပါအုံး ငါ့မြေးလေးတွေက အပြင်မှာတွေ့ရတာ အရမ်းကိုချစ်စရာကောင်းတာပဲ သီရိရောလိုက်မလာဘူးလား”
ထိုမှ မဏိ တီလေးကိုသတိရသွားကာ
“ဟုတ်တယ် တီလေးက ဒီလာခါနီးမှ အရေးကြီးကိစ္စလေးပေါ်လာလို့ မလိုက်လာနိုင်တာ နောက်မှအလုပ်တွေလက်စသတ်ပြီးရင် အပြီးပြန်လာမှာ”
“ဟေ ဟုတ်လား ဝမ်းသာစရာပဲ ကြည့်ပါအုံး သီရိမွေးစားထားတဲ့ ကလေးလေးတွေကလည်း အရမ်းကို ချစ်စရာကောင်းတာပဲ ကောင်မလေးက သမီးလေးငယ်ငယ်ကပုံနဲ့တောင် တူသေးတယ်
မာမီတော့ အရမ်းပျော်တာပဲ ငါ့သမီးလေးပြန်လာလို့”မာမီက အမြုစစ်ရဲ့ ပါးဖောင်းဖောင်းလေးကို ကိုင်ကြည့်ပြီး ပြောတော့ မဏိ လန့်သွားကာ
YOU ARE READING
Darkness To Light(Completed)
Romanceမှောင်ရီပျိုးမှ အလင်းရောင်၏တန်ဖိုးကို သိနိုင်၏.... ထိုအတူပဲ ကျွန်တော်တေဇိုင်းသည်လည်း သူမနဲ့ဝေးကွာပြီးနောက် နက်ရှိုင်းစွာရင်ထဲခံစားလာရတာက အချစ်စစ်တစ်ခု....ထိုအချစ်ကို လှပစွာပုံဖော်ဖိုရာ၌ သူမက ထွက်သွားခဲ့ပြီဖြစ်သည်။ Novels by QUEEN