အပိုင်း ၃၄

240 2 0
                                    

🩸အခန်း ( ၃၄ )🩸

မှောင်ရီပျိုးမှ အလင်းစစ်

❣️💕💞

“ဆရာမိုက်တန် သတင်းပို့ပါတယ်… သူ့သူငယ်ချင်းကို ခြေရာခံလို့ရပါပြီ.. အခု ကျွန်တော်တို့ သူ့အိမ့်ရှေ့မှာစောင့်ကြည့်နေပါတယ်”

“အေး ကောင်းပြီ သူအပြင်ထွက်တာနဲ့ ငါ့ကိုအကြောင်းကြားလိုက် ပြီးတော့ မျက်ခြေမပြတ်စောင့်ကြည့်ထား နည်းနည်းလေးမှ လွဲချော်လို့မရဘူး ကြားလား"

“ဟုတ်ကဲ့ ကြားပါတယ် ဆရာ”

မိုက်တန် ဖုန်းကို လက်ထဲမှာဆော့ကစားပြီး

“အဟွန့်…ဟွန့် မင်းတို့က ငါ့အတွက်တော့ နယ်ရုပ်လေးတွေပဲ ဘုရင်တက်လာရင်တော့ ဘယ်လိုအကွက်ရွေ့မှာလဲဆိုတာ စောင့်ကြည့်နေလိုက်…. မင်းတို့ရဲ့ စည်းစိမ်တွေက ငါမိုက်တန်ရဲ့ အပိုင်ဖြစ်လာစေရမယ် …
အဟွန့်..ဟွန့် မဏိလေးရော အပါအဝင်ပေါ့လေ”

လူယုတ်မာအပြုံးဖြင့် ကြံစည်နေတာက ဘီလူးခေါင်းဆောင်းထားသော မင်းသားတစ်ယောက်လို ဖြစ်နေသည်။

/////////////////////////////////

တစ်အိမ်သားလုံးရဲ့ မျက်နှာတွေကလည်း မရွှင်မလန်းဖြင့် breakfast ဝိုင်း၌ မနက်စာစားနေကြစဉ် ဒေါ်သီရိမြိုင် ကိုကြီး အခြေအနေကို အကဲခတ်လိုက်ပြီး

“ကိုကြီး ရဲမှူးကြီးက အကြောင်းမကြားလာသေးဘူးလား…ဘာပြောသေးလဲ”

“အင်း မနေ့ညက ဖုန်းတော့ဆက်တယ် သူတို့လည်းရှာနေပါတယ်တဲ့ တွေ့ရင်တော့ချက်ချင်းအကြောင်းကြားပေးမယ် ပြောတယ်”

“ဒီပုံအတိုင်းဆို ထိုင်နေလို့မဖြစ်သေးပါဘူး တစ်ခုခုလုပ်မှ ဖြစ်တော့မယ်… ကိုကြီး ညီမလေးကို ခွင့်ပြုပါအုံး အပြင်သွားစရာလေးရှိလို့”

“အေး..အေး.. အကြောင်းထူးရင်လည်း ဖုန်းဆက်”

“ဟုတ်ကဲ့ သွားပြီနော်”

ကားသော့ကို အမြန်ယူလိုက်ပြီး ပိုက်ဆံအိတ်တောင်အပေါ်တက်မယူတော့ဘဲ ဖုန်းသာယူ၍ သုတ်တီးသုတ်ပြာထွက်လာခဲ့သည်။
အပြင်သာ ထွက်လာတာ အရင်ဆုံးဘယ်သွားပြီး ဘာလုပ်ရမှန်း မသိဖြစ်နေသည်။

Darkness To Light(Completed)Where stories live. Discover now