🩸အခန်း (၈)🩸
“အွတ်.. အွတ်”
ဇိုင်း တံခါးကို လက်ပြန်ဆွဲပိတ်လိုက်ပြီး
မဏိကို စာကြည့်စားပွဲပေါ် တင်လိုက်ပြီးနောက် အသံခပ်ကြိတ်ကြိတ်ဖြင့်“တိတ်တိတ်နေလိုက် မဏိ တစ်ခါအော်ရင် တစ်ခါအသက်ရှူကြပ်အောင် နမ်းပစ်လိုက်မယ်”
မဏိ သူ့ကို ကြောက်ရွံ့ထိတ်လန့်ရပြီး ခေါင်းလေးခါယမ်းတာသာ တတ်နိုင်သည်။
"ပြောစမ်းပါအုံး
ကားပေါ်မှာ ညနေတုန်းက မြင်လိုက်တဲ့
ကောင်က ဘာကောင်လဲ မင်းကိုငါ အရင်ကတည်းက ကြိုပြောထားပြီးသားနော် တခြားအကောင်တွေနဲ့ ခပ်ဝေးဝေးနေဖို့""ဒါပေမဲ့ မင်းဘာကို ရွေးချယ်ခဲ့လဲ ဟမ်…."
"ပထမတစ်ချက် မင်း အဲ့အကောင်နဲ့ နီးနီးကပ်ကပ်နေခဲ့တယ်"
"ဒုတိယတစ်ချက် မင်းအဖေကတောင် အလိုတူအလိုပါနဲ့ ကားပေါ်ခေါ်တင်လိုက်သေးတယ်"
"ငါ့စကားကို နားမထောင်တဲ့မင်းကြောင့် $ရမ်းအသည်းပေါက်တယ်ကွ ....သိလား မဏိပျို"
နှုတ်ခမ်းကို သူ့လက်ဖဝါးကြီးဖြင့် အတင်းအုပ်ထားပြီး ပြန်လည်ရှင်းပြခွင့်လည်း မပေးဘဲ သူ့စိတ်ကြိုက် ပြောဆိုကြိမ်းမောင်းနေသည်...
ပြီးတော့ ဒီလိုလာပြောနေရအောင်ကလည်း
မဏိ နဲ့ သူက ဘာမှလည်းမဟုတ်
သမီးရည်းစားဆက်ဆံရေးလို့ ပြောရအောင်လည်း သူက မဏိကိုချစ်တယ်လို့ ဝန်ခံထားတာလည်းမရှိပါ...ခါးလေးကို ကော့နေအောင် အတင်းဖက်ထားသည့်အတွက် မဏိမှာ မရုန်းသာဘဲ သူ့လက်မောင်အုံကြီးကိုသာ အတင်းဆွဲကုပ်တာသာတတ်နိုင်သည်။
ပြန်ပြောမရတဲ့အဆုံး သူ့လက်ကြီးကို
သာ အားကုန်ကိုက်ချလေတော့…“အဟွန့် ကိုက်ပေါ့ မင်းဘယ်လောက်ကိုက်နိုင်မှာမို့လို့လဲ”
မဏိ ကိုက်လည်းကိုက် သူ့ကိုလည်း မော့ကြည့်တော့ မျက်ခုံးနှစ်ဖက်ပင့်ပြပြီး
“လုပ်လိုက်လေ"အားကုန်အောင် ကိုက်ချလိုက်ဆိုသည့်သဘော
ဇိုင်း လက်ဖဝါးက စူးနစ်အောင်နာသည်…
YOU ARE READING
Darkness To Light(Completed)
Romansမှောင်ရီပျိုးမှ အလင်းရောင်၏တန်ဖိုးကို သိနိုင်၏.... ထိုအတူပဲ ကျွန်တော်တေဇိုင်းသည်လည်း သူမနဲ့ဝေးကွာပြီးနောက် နက်ရှိုင်းစွာရင်ထဲခံစားလာရတာက အချစ်စစ်တစ်ခု....ထိုအချစ်ကို လှပစွာပုံဖော်ဖိုရာ၌ သူမက ထွက်သွားခဲ့ပြီဖြစ်သည်။ Novels by QUEEN