အပိုင်း ၆

132 2 0
                                    

🩸အခန်း (၆)🩸

“ဟင် ဇိုင်း နင်ဘယ်ကို မောင်းနေတာလဲ
အိမ်ပြန်တဲ့လမ်းလည်း မဟုတ်ဘူး
နင် ရပ်လိုက်နော် အခု ဒယ်ဒီမြင်သွားရင် နင် ထောင်ကျလိမ့်မယ်
ငါ့ကိုပါ အပြစ်ပေးမှာ သိလား”

မဏိမျက်နှာမှာလည်း စိုးရိမ်ပူပန်ခြင်းအပြည့်ဖြင့် မျက်လုံးက ကျီးကန်းတောင်းမှောက် ဒယ်ဒီ့ကို ကြည့်နေရသည်။

ဇိုင်းရဲ့ ရာဇဝင်မှာလည်း ဥိးစိန်မြိုင်ကို ကြောက်တယ်ဆိုတာ ဘယ်တောမှမရှိ ဘယ်သောအခါမှလည်း ဖြစ်လာမှာမဟုတ်။

“ပြုတ်မကျချင်ရင်  အသာငြိမ်ငြိမ်လိုက် မဏိ ငါ့ဆိုင်ကယ်က ဘရိတ်မပါဘူးနော်”

“ဟင် နင်.. နင် ..ဘရိတ်မပါဘဲနဲ့ ဘယ်လိုမောင်းတာလဲ ငါမသေချင်သေးဘူးနော် ဇိုင်း ငယ်ငယ်လေးရှိသေးတယ်”

“ဝူး….ဝူး…”

အရှိန်ကများတော့ ဆံပင်တွေရော လေထဲကိုလွှင့်လျက် အော်ပြောနေရသည်….

မဏိပြောလည်းပြော သူ့ကျောကြီးကို နောက်ကနေ အတင်းထုနှက်နေသည်..
လက်တစ်ဖက်ကလည်း သူ့အင်္ကျီကြီးကို ပြုတ်မကျအောင်တင်းတင်းဆုပ်ကိုင်ထားရသေးသည်…

နောက်ကနေ ပြောလည်းပြော ရိုက်လည်းရိုက် မြဲမြဲလည်းကိုင်ထားရတာနဲ သူမတစ်ယောက်တည်း အလုပ်ရှုပ်နေသည်.။

“ငါနားငြီးလာပြီ  တိတ်တိတ်လေးထိုင်လိုက်နော် မဏိ”

“နင် ဘာလို့ အိမ်ပြန်မပို့လဲ”

ဇိုင်း ဆက်မပြောတော့ဘဲ အရှေ့ကိုသာ အာရုံထား၍ လိုရာခရီးကို မောင်းနှင်လိုက်သည်….

/////////////////////////////////

“ဆင်းတော့”

“ဟင် ..”

“မဆင်းဘူး”

သူခေါ်လာသောနေရာက ပန်းခြံဘေး ရေကန်နားရှိ  ကုက္ကိုလ်တန်းကို ခေါ်လာတာဖြစ်ပြီး လူကိုအတင်းဆင်းခိုင်းနေသည်။
  ပြီးတော့ သွားလာနေသောလူလည်း သိပ်မရှိချေ။

နှစ်ယောက်သားဆိုင်ကယ်ပေါ်က မဆင်းဘဲ စကားများနေခြင်းဖြစ်ကာ “မင်းက မဆင်းလို့ ဒီမှာပဲ ညအိပ်မလို့လား”

Darkness To Light(Completed)Where stories live. Discover now