🩸အခန်း ( ၁၂ )🩸
🌊မှောင်ရီပျိုးမှ
အလင်းစစ်🌊တေဇိုင်း❣️ မဏိပျို
“ဟဲလို မဏိ အဆင့်သင့်ဖြစ်ပြီလား ငါတို့လာတော့မှာ့ အဆင့်သင့်ပြင်ထားနော်”
“အေး အေး ပြီးပြီ"
နာရီဝက်လောက်ကြာပြီးနောက် အိမ်ရှေ့တံခါးပေါက်နားမှ
“တီ… တီ….တီ..”
အပြင်မှကားဟွန်းတီးသံကြားသောအခါ
“မာမီ ကြည်ပြာတို့လာနေပြီ သမီးသွားတော့မယ်နော်”
“အေး အေး.. နေဉီး သမီးအထုပ်တွေကို ကိုဖိုးကောင်းကိုတင်ခိုင်းလိုက်မယ်”
“ဟုတ်ကဲ့”
ဒေါ်တင်မြမြ သမီးလေးကိုလေ့လာရေးခရီးထွက်မှာ စိတ်မချနိုင်ဘဲဖြစ်ကာ တဖွဖွနှင့်မှာနေသည်။
“သမီးလေး ခရီးမှာဂရုစိုက်နော် သူများတွေသွားရင်သွား သူများတွေစားရင်စား အိပ်ချိန်တန်ရင်အိပ် ကျန်းမာရေးကို ဂရုစိုက်နော်ကြားလား
မာမီက သမီးဒယ်ဒီထည့်လို့သာ ထည့်ရမှာ မလိုက်စေချင်ဘူး”“အော် မာမီကလည်း ပြင်တောင်ပြင်ပြီးနေပြီ နောက်ကျရင် နိုင်ငံခြားမှာကျောင်းတက်မှာနဲ့
အခုလိုသွားနိုင်တော့မှာ မဟုတ်ဘူး
စိတ်ချပါ သမီးလမ်းခရီးမှာဂရုစိုက်မယ်နော်”“အေးပါကွယ်”
###########
ကြည်ပြာတို့ Express ကျောင်းကားပေါ်ကနေဆင်းလိုက်ပြီး မဏိကိုမြင်လိုက်တော့
“အမလေးလေး ငါ့သူငယ်ချင်းလေးက လှနေလိုက်တာ မနာတောင်လိုလာပြီ
ဒါကြောင့်မို့လည်း ကောင်လေးတွေဝိုင်းဝိုင်းလည်နေတာပဲ’’မဏိ သူမပုခုံးလေးကိုပုတ်၍
“တော်ပါ တခြားလူတွေ ကြားကုန်မယ်”
ဟုတ်သည်လေ မဏိကိုကြည့်လိုက်တော့ နို့စိမ်း
စကပ်အကြပ်လေးကို ဝတ်ဆင်ထားပြီး
ခါးတိုအင်္ကျီလေးပါအပေါ်က ကိုယ်ကြပ်လေးဝတ်ထားတော့ လှပကျော့ရှင်းသော ခန္ဓာကိုယ်လေးက အပြစ်ဆိုစရာမရှိအောင် လှရက်နိုင်လွန်းသည်။
YOU ARE READING
Darkness To Light(Completed)
Romanceမှောင်ရီပျိုးမှ အလင်းရောင်၏တန်ဖိုးကို သိနိုင်၏.... ထိုအတူပဲ ကျွန်တော်တေဇိုင်းသည်လည်း သူမနဲ့ဝေးကွာပြီးနောက် နက်ရှိုင်းစွာရင်ထဲခံစားလာရတာက အချစ်စစ်တစ်ခု....ထိုအချစ်ကို လှပစွာပုံဖော်ဖိုရာ၌ သူမက ထွက်သွားခဲ့ပြီဖြစ်သည်။ Novels by QUEEN