အပိုင်း ၃၀

178 2 0
                                    

🩸အခန်း ( ၃၀ )🩸

ဇိုင်း ကာမောင်းနေရင်း လက်တစ်ဖက်ကနေ google mapကိုဖွင့်၍ မဏိသွားတဲ့ဆေးရုံကိုရှာနေကာ နောက်ဆုံးမှာ တွေ့လိုက်ရသည်…. ဆေးရုံနာမည်က Thitsar Hospital ဖြစ်ပြီး သူတို့နေတဲ့နေရာနှင့် သိပ်မဝေးပေ။

ဆင်ဝင်အောက်မှာပဲ ကားထားခဲ့လိုက်တော့ လုံခြုံရေးက ကားရွေ့ဖို့လှမ်းအော်ပြောနေသည်။

“အစ်ကို ဒီနေရာမှာ ကားရပ်လို့မရပါဘူး အစ်ကို ကားလေးရွေ့ပေးပါ”

“ရော့ ကားသော့ မင်းဘာသာမင်းရွေ့လိုက်တော့”

ကားသော့ကိုအမြန်ပစ်ပေးခဲ့ပြီး ဆေးရုံပေါ်အမြန်တက်ခဲ့လိုက်သည်။

Reception ကောင်တာကိုပဲတန်းသွားလိုက်ကာ

“မဏိပျို တို့က ဘယ်နားမှာလဲ”

“ဟုတ်ကဲ့ ဆေးခန်းပြတဲ့သူနဲ့ ဘယ်လိုတော်တာလဲရှင့်”

“သူ့ရဲ့ အမျိုးသားပါ အရေးကြီးလို့မြန်မြန်ပြောစမ်းပါ မင်းအရစ်မရှည်တာကောင်းမယ်နော်”

ကောင်မလေးက သူ့ကိုဘုကြည့်ကြည့်လာပြီး

“တာဝန်အရမေးရတာပါ… ဘယ်သူမှအရစ်မရှည်ချင်ဘူး”

“တတိယထပ်က ကလေးကုသရေးဌာနမှာ ရှိပါတယ်…အဲဒီကို”

“ရပြီ”

“ဟော ဒီလူကလည်း ဘယ်လိုလူမျိုးပါလိမ့် စကားကိုပြီးအောင်တောင်မပြောရဘူး တော်တော်လက်ပေါက်ကပ်တဲ့သူပဲ…ရုပ်လေးက စမတ်ကျသလောက် စကားပြောတာရိုင်းလိုက်တာ”

“နောက်မှ အပြစ်တင်စကားသံတွေကိုလည်း ဂရုမစိုက်နိုင်တော့စွာ ဓာတ်လှေကားဖြင့် အမြန်တက်ခဲ့လိုက်သည်။”

//////////////////////////

“ထိုင်ခုံလေးမှာထိုင်စောင့်နေသော မဏိတို့သားအမိနှစ်ယောက်ကိုမြင်တာနဲ့ ဘာမှဂရုမစိုက်နိုင်တော့စွာဖြင့်

“မဏိ ကိုယ်မင်းကို မေးစရာရှိတယ် အမှန်အတိုင်းဖြေ”

လူတွေလည်း အများကြီးရှိနေကာ ရုတ်တရတ်ရောက်ချလာသောသူ့ကြောင့် အံ့ဿြသွားရုံရှိသေး ဘာမှမပြောနိုင်ခင်မှာပင် လူကိုဆွဲလားယမ်းလားလာလုပ်တော့ ဒေါသထွက်သွားရသည်။

Darkness To Light(Completed)Where stories live. Discover now