🩸အခန်း ( ၃၁ )🩸
“တီ….တီ…တီ”
“ဟဲလို ဟုတ်ကဲ့ အန်တီခင်ပြောပါ”
“အေး ကလေးကိုဘယ်ခေါ်သွားတာလဲ ဟိုဘက်အိမ်ကကလေးပျောက်လို့လိုက်ရှာနေတယ်ထင်တယ်”
“ဟိုလေ…. ဇိုင်းက ခေါ်လာခိုင်းလို့အန်တီ.. အဲကောင် မဏိတို့သားအမိတွေကိုခိုးပြေးသွားတာ”
“ဘာ….”
"ဘယ်နေရာကို ခေါ်သွားတာတဲ့လဲ"
"ဇိုင်းက ဘာမှမပြောခိုင်းထားပါဘူး"
" ကိုယ့်သားက ကိုယ့်ကိုတောင် မပြောခိုင်းထားဘူးတဲ့"
“ဂွပ်”
ဒေါ်ခင်မူမူတစ်ယောက် ဘာမှတောင်မပြောနိုင်တော့စွာ ဖုန်းကိုဂွပ်ခနဲချပစ်လိုက်သည်။
“အမလေး ယောင်္ကျားရေ ကျုပ်တို့တော့ ကိုယ်ကျိုးနည်းပြီနဲ့တူပါတယ်တော် ရှင့်သားက ကလေးနှစ်ယောက်အမေကို ခိုးပြေးသွားတယ်တဲ့ လုပ်ပါအုံး လိုက်ကြမယ် သားနောက်ကို ကျမလိုက်သွားမယ်”
“နေပါအုံး ဟုတ်လို့်လား
မင့်းသားကခိုးပြေးသွားတာ”“ဟုတ်တယ် ရမ်ရမ်ထွန်းကိုယ်တိုင် ကျမကိုပြောတာ ရှင်မလိုက်ချင်လည်းနေ ကျမလိုက်သွားမယ်”
“သားက ပြောသွားသားပဲ မေမေတို့နဲ့လည်း သက်ဆိုင်လာနိုင်တယ်တဲ့ ငါတို့မသိတာ ကြားထဲမှာ တစ်ခုခုရှိလို့နေမှာပေါ့ လူငယ်တွေကြားထဲ ဘာတွေဖြစ်ထားကြမှန်း ငါတို့မှ မသိတာ....ပြီးတော့ ကလေးကလည်း ငါတို့သားနဲ့ ချွတ်ဆွတ်တူနေတာလေ မတွေ့ဘူးလား.. တစ်ခုခုစဉ်းစားပါအုံး မိန်းမရယ် အလောမကြီးစမ်းပါနဲ့ နေရာတကာမှာ ဉာဏ်ကောင်းသလောက် ကိုယ့်သားကိစ္စကျမှ အလောမကြီးစမ်းပါနဲ့”
“အဲဒါဆို ကျမက အိမ်မှာငုတ်တုတ်ထိုင်ပြီးစောင့်နေရမှာလား ဖုန်းလည်းမကိုင်ဘူး”
“အေးပါ ခနလောက်နေမှ ရမ်လေးကိုဖုန်းထပ်ဆက်ပြီး လုပ်စရာရှိတာလုပ်ကြတာပေါ့”
//////////////////////////////////
“ဘာ... ခွမ်း....ငါ့သမီးကို ဟိုခွေးသူတောင်းစားက အတင်းခေါ်သွားတယ်ဟုတ်လား”
YOU ARE READING
Darkness To Light(Completed)
Lãng mạnမှောင်ရီပျိုးမှ အလင်းရောင်၏တန်ဖိုးကို သိနိုင်၏.... ထိုအတူပဲ ကျွန်တော်တေဇိုင်းသည်လည်း သူမနဲ့ဝေးကွာပြီးနောက် နက်ရှိုင်းစွာရင်ထဲခံစားလာရတာက အချစ်စစ်တစ်ခု....ထိုအချစ်ကို လှပစွာပုံဖော်ဖိုရာ၌ သူမက ထွက်သွားခဲ့ပြီဖြစ်သည်။ Novels by QUEEN