🩸အခန်း ( ၁၁ )🩸
မှောင်ရီပျိုးမှ အလင်းစစ်🔹🔸▫️♦️
တေဇိုင်း🤍🤍 မဏိပျို
သူငယ်ချင်းနှစ်ယောက်သား မဏိ၏အခန်းထဲ၌ သူမကိုနှစ်သိမ့်နေကြခြင်းဖြစ်သည်။
“မဏိရယ် မငိုပါနဲ့တော့နော် အန်တီတို့ရိပ်မိလိမ်မယ် အဲဒီအခါကျရင် နင့်ဒယ်ဒီက သူ့ကိုထောင်ချလိမ့်မယ်”
“ကျပါစေ ငါသူ့ကိုမကျေနပ်ဘူး လုံးလုံးမကျေနပ်ဘူး ငါသူ့ကိုမုန်းတယ်…. မုန်းတယ် …ငါ့ကိုလူကြားထဲမှာ အရှက်ခွဲတဲ့အကောင် သေအောင်မုန်းတယ် ဟီးးးဟီးးး”
မဏိ အပြစ်မဲ့သောခေါင်းအုံးလေးကိုသာ ထုရိုက်ကာ ဝမ်းနည်းမှု ဒေါသထွက်မှုတို့ကို ဖြေဖျောက်နေသည်...
“အေး နောက်တစ်ခါဆိုရင် ငါတို့လည်းမတားတော့ဘူး
ဒီကောင့်ကို အန်ကယ့်ကိုပြောပြီး ထောင်ချခိုင်းမယ် ဘယ့်နှယ် သူစိတ်မထင်တိုင်း မဏိကို လာလာနမ်းတာ အဲဒါဘာအထာလဲ”“တော်ပါ သီနန်းရယ် မပြောပါနဲ့တော့ နင်ပြောမှ ပိုဆိုးနေတယ်”
“အေးပါ မဏိ တိတ်တော့နော်”
မဏိကတော့ ခေါင်းအုံးပေါ်မျက်နှာအပ်လျက် ဝမ်းပန်းတနည်းကို ငိုကျွေးနေကာ မျက်လုံးလေးတွေလည်း မို့အစ်နေသည်….
သီနန်း ကြည်ပြာကို့ မျက်ခုံးပင့်ပြလျက် ပခုံးလေးတွန့်ပြကာ ဘာဆက်လုပ်မလဲဟု မေးဆတ်ပြသည်…
“နေအုံး သူ့ကို ဖုန်းနဲ့ကောမယ်”
"အေး"
"လာ လာရေချိုးခန်းထဲသွားပြောရအောင်"
"နင့်မှာ တေဇိုင်းဖုန်းနံပါတ်ရှိလို့လား"
"အေး ရှိတယ် သီနန်း"
"လုပ် လုပ် ဆက်"
ဖုန်းဝင်သွားပြီး
“In the dark of night”
“The stars light up the sky”“We see them flying free”
“That’s just like you and me”
“Everyone is lonely sometimes”
“But I would walk a thousand”
“Miles to see your eyes”
“You are not alone, we are family”
YOU ARE READING
Darkness To Light(Completed)
Romanceမှောင်ရီပျိုးမှ အလင်းရောင်၏တန်ဖိုးကို သိနိုင်၏.... ထိုအတူပဲ ကျွန်တော်တေဇိုင်းသည်လည်း သူမနဲ့ဝေးကွာပြီးနောက် နက်ရှိုင်းစွာရင်ထဲခံစားလာရတာက အချစ်စစ်တစ်ခု....ထိုအချစ်ကို လှပစွာပုံဖော်ဖိုရာ၌ သူမက ထွက်သွားခဲ့ပြီဖြစ်သည်။ Novels by QUEEN