အပိုင်း ၁၄

378 6 0
                                    

🌊မှောင်ရီပျိုးမှအလင်းစစ်🌊

    🩸အခန်း ( ၁၄ )🩸

တေဇိုင်း💓 မဏိပျို

မိုးကစဲသွားပြီး မှောင်ရီပျိုးလာတော့ ဇိုင်းတို့နှစ်ယောက်အောက်ကိုလည်းပြန်မဆင်းနိုင်ဘဲဘာလုပ်ရမှန်းမသိဘဲရှိနေစဉ် ဇိုင်း အနီးနားဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်တော့ ပင်စည်အကြီးကြီးဖြင့် အုပ်စိုင်းနေသော သစ်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရသည်။

မဏိကိုယ်လေးကို အသာပွေ့ချီတော့  ပုံမှန်အားဖြင့်လေးသောအရာကိုတောင် မမှုသောသူက  လက်တွေတုန်ယင်စွာဖြင့် စိုးရိမ်စိတ်တွေကြီးစိုးတော့ ခက်ခဲနေသည်….
နောက်ဆုံး စိတ်ကိုတင်းကာ ခန္ဓာကိုယ်လေးကို မချီပြီး သစ်ပင်ကြီးနားကို ရပ်လိုက်သည်….

သစ်ပင်ကြီးနားကိုရောက်တော့ ပင်စည်ကြီးက နှစ်ခုကွဲကာ အလယ်တည့်တည့်မှာ ဂူလိုမျိုးလူဝင်လို့ရတာကို မြင်တော့ အတိုင်းမသိဝမ်းသာသွားသည်။

အထဲမှာမိုးရေကလည်း စိုစွတ်နေတာမရှိဘဲ  လူတစ်ယောက်ကျောဆန့်နိုင်လောက်တဲ့အထိ ကျယ်ဝန်းသည်။

မဏိကိုယ်လေးကို အသာချလိုက်ပြီး သူမကို ပြန်လည်သတိရလာစေဖို့အတွက် ခန္ဓာကိုယ်လေးနွေးထွေးစေရန် အရင်ဆုံး သူ့မိုးကာအင်္ကျီကိုချွတ်ကာ အထဲမှခြောက်နေသော သူ့ရဲ့ဟူဒီလက်ရှည်အထူကြီးကို ချွတ်လိုက်သည်။

သူကတော့ လက်တိုစပို့ရှပ်ဖြင့် ကျန်ရှိနေသည်။

သူမရဲ့ ဒဏ်ရာရသောလက်ကိုလည်း သူ့စပို့ရှပ်အင်္ကျီကို စုတ်ဖြဲကာ ပတ်တီးစီးထားလိုက်သည်။

သူမကိုယ်လေး၌ မိုးရေစိုရွဲနေသော အဝတ်အစားတွေကိုချွတ်ဖို့ ကြည့်လိုက်တော့ လက်တို့က မရဲစွာတုံ့ဆိုင်းသွားရသည်။

“အာ… ငါဒီလိုလုပ်လို့
မဖြစ်ဘူး ကြာရင် မဏိအအေးပတ်ပြီး တစ်ခုခုဖြစ်သွားနိုင်တယ် ငါချွတ်မှ ရမယ်”ဟု စိတ်ကို တင်းကာ သူမစကပ်လေးကို ဖြည်းဖြည်းချင်း တင်လေးကို မ၍ ချွတ်လိုက်သည်။

ထို့နောက် အပေါ်အင်္ကျီကို သေချာချွတ်လိုက်တော့ သူမရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကို မြင်လိုက်ရတဲ့အခိုက်အတန့်က ဇိုင်းရဲ့ကမာ္ဘကြီးရပ်တန့်သွားနိုင်လောက်သည်။

Darkness To Light(Completed)Where stories live. Discover now