အပိုင်း ၅

124 1 0
                                    

🩸အခန်း ( ၅ )🩸

ကျောင်းကတက်တော့မည် ခုချိန်ထိ မဏိပျိုရောက်မလာသေး

“ဒီချိန်ထိ ဘာများလုပ်နေတာပါလိမ့် ကျောင်းဝန်းထဲ လူတောင်မရှိတော့ဘူး”

“ဟေ့ကောင် ဇိုင်းသွားစို့လေ ကျောင်းတက်တော့မယ် မင်းဘာမျှော်နေတာလဲ”

“ဘာလဲ မဏိကို မျှော်နေတာလား”

“မဟုတ်ပါဘူး ငါက
ဘာလို့သူ့ကိုမျှော်ရမှာလဲ သူနဲ့ငါက ပြိုင်ဘက်တွေ”

“အေး နောက်ဆို မင်းပြိုင်ဘက်ရှိမှာ မဟုတ်တော့ဘူး”

“ဟေ့ကောင် ငစိုင်း ဘာလို့လဲ”

“ငါ သတင်းတစ်ခုကြားလာတယ် မင်းတို့သိချင်လား”

“မအေဘေး အစဖော်ထားပြီးမှ လာရစ်နေတယ် ငါတွယ်လိုက်ရ”

ဇိုင်းပြောလည်းပြော လက်က ဂုတ်ပိုးကိုအုပ်ရန်ရွယ်ပြီးသား

"ဟိုး ဟိုးဆရာ နေ့ပါအုံး"

ငစိုင်း လက်လေးကာကာ

“မလုပ်ပါနဲ့ မအေပေးနှမပေးရယ် ပြောပြပါ့မယ်”

“ဒီလိုကွ ငါ့ဒေါ်လေးဆီက ကြားလာတာ မဏိက
ငါတို့ကျောင်းမှာ မတက်တော့ဘူးတဲ့
သူ့ဖားသားကြီးက ဇိုင်းနဲ့ ပတ်သက်နေမှာစိုးလို့ ကိုယ်ပိုင်အထက်တန်းကျောင်းမှာပဲ ထားတော့မှာတဲ့”

“အဲဒါ ကျောင်းကိုတောင် မလာနိုင်ဘူး ငါ့အဒေါ်ကို လုပ်ခိုင်းသွားတာ”

ဇိုင်း ငြိမ်ကျသွားသည်… ဘာပြောလို့ပြောရမှန်းတောင် မသိ

မနေ့ညက သူ မဏိဆီကပြန်လာတော့ သူခြေလှမ်းတွေပေါ့ပါးနေကာ စိတ်တွေလည်း ရွှင်မြူးနေသည်…

လုပ်ချင်တာလုပ်ထားပြီး
ရတဲ့ အပျော်မျိုး

သူ မဏိမျက်နှာလေးတွေ့ရရင်ကို မသိစိတ်က အလိုလိုပျော်သည်…

အခုတော့.....

ဒါပေမဲ့ သူပျော်ရမှာ မဟုတ်ဘူးလား ခုဆို သူ့ပြိုင်ဘက်မရှိတော့ဘူးလေ

“ဟားးးဟားးးး မရှိတော့ ကောင်းတောင်ကောင်းသေး
မမြင်ရလေ အေးလေ
ရန်တောင်မဖြစ်ရတော့ဘူး”

Darkness To Light(Completed)Where stories live. Discover now