အပိုင်း ၂

157 3 0
                                    

🩸အခန်း (၂)🩸

မှောင်ရီပျိုးမှ အလင်းစစ်!

“ကယ် ဆရာမက
ဒီလပတ်စာမေးပွဲအတွက် ပထမရတဲ့ လူကို ကျေညာလိုက်မယ်နော်"

"အားလုံးပဲနားထောင်ကြပါ”

“ကျောင်းသားအားလုံး ဆရာမထံမှာပဲ အာရုံစူးစိုက်ကုန်ကြသည်….”

ထိုအထဲမှာ မဏိ နဲ့
တေဇိုင်းတို့က စိတ်ဝင်စားဆုံးဖြစ်သည်…

“ပထမရတဲ့ လူကတော့ တေဇိုင်းပဲ ဖြစ်ပါတယ်”

“ဂုဏ်ယူပါတယ်နော် သား”

ဇိုင်းကို အကုန်လုံးက လက်ခုပ်လက်ဝါးတီးကာ အားပေးကြသလောက်
မဏိ နဲ့ သူ့သူငယ်ချင်းတွေကတော့ တိတ်ဆိတ်နေသည်….

“မဏိ သူငယ်ချင်းလေး ဘာမှ စိတ်မညစ်နဲ့နော် အဆင်ပြေသွားမှာပါ”

သို့ပေမဲ့ သူငယ်ချင်းတွေ ပြောစကားကို သူမ
မကြားနိုင်တော့ဘဲ
ရှုံးနိမ့်ခြင်းဆိုတဲ့
ဝမ်းနည်းစိတ်ကို ခံစားမိကာ မျက်လုံးအိမ်၌ မျက်ရည်တွေ ကျလာခဲ့သည်….

သူမ အခန်းအပြင်ကို အပြေးလေးထွက်ခဲ့ရင်း ကွန့်ပစ်လေးပေါ်မှာ ထိုင်နေတုန်း
တေဇိုင်းက အနားရောက်လာသည်…

သူမရှေ့တည့်တည့်မှာ ရပ်ကာ လက်ပိုက်လျက်

“ကျွတ်….ကျွတ်… အရှုံးသမားလေးတစ်ယောက်တော့ ဒီသစ်ပင်အောက်မှာ လာငိုနေတယ်”

“အဟင့်… အဟင့်…. ငါက ဘာလို့ငိုရမှာလဲ ဘယ်မှာငိုလို့လဲ”

“နင် ငါ့ကို ရန်လာမစနဲ့နော် တေဇိုင်း ကိုယ့်ဟာကိုယ်နေ”

“ဒီတစ်ခါလေးရတာနဲ့များ ဘဝင်လေဟပ်မနေစမ်းပါနဲ့”

“မဟပ်ပါဘူး မြှောက်သွားရုံရှိတာပါ”

သူမကို စေ့စေ့စိုက်ကြည့်ကာ

“ငါ နင့်ကို နိုင်တယ် မဏိ”

“ဘာ”

မဏိ သူ့ကို ကြည့်လိုက်တော့  မျက်နှာက စပ်ဖြဲဖြဲနှင့် အမျိုးမျိုးလုပ်ပြလျက် လူကို သက်သက်မဲ့ စိန်ခေါ်နေလေသည်…

ဒေါသက ထိန်းချုပ်မရစွာ

“ ကဲဟာ ဒီလောက်ရှိ”

Darkness To Light(Completed)Where stories live. Discover now