အပိုင်း ၂၆

127 2 0
                                    

🩸အခန်း ( ၂၆ )🩸

အချိန်လည်းတော်တော်ကုန်သွားပြီး မိုးချုပ်လာ၍ မဏိတို့အမြုတေလေးကို စောင့်နေလိုက်ကြသည်။

“အဟေးး မာမီ သားသားအကုန်လုံးဆော့ပြီးပြီ”
အမြုတေလေးက ပြေးလာကာ သူမကို ပြေးဖက်လာသည်။

“အင်း မာမီတို့ပြန်ကြစို့လေ မိုးချုပ်တော့မယ်”

“ဟုတ်ကဲ့ ကိုကို
ကို ကျေးဇူးတင်လိုက်အုံး”

နောက်ကနေလိုက်လာသော သူ့ကိုကြည့်၍ "ကိုကို သားသားနဲ့အခုလိုဆော့ပေးတာ ကျေးဇူးတင်ပါတယ် သားတို့ပြန်တော့မယ်”

ကလေးက လက်လေးပြနှုတ်ဆက်တော့

“အင်း ကိုကိုလည်းပြန်တော့မှာ သွားမယ် ကားပေါ်တင်ပေးမယ်
လာ”
"မဏိ သူ့ကို ကြည့်လိုက်တော့ ခုနက ပါးရိုက်လိုက်တာကိုစိတ်ဆိုးခြင်းတစ်စက်မှမပြဘဲ တည်ကြည်နေသည်။ နောက်ပြီး သူဒီနေရာကို ဘာလာလုပ်တယ်မသိချေ။

ကားပေါ်  ကလေးတွေကို တင်လိုက်ပြီးနောက် မဏိ သူ့ဘက်လှည့်၍

“ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်”

“ရပါတယ် ငါကလည်း ကလေးတွေကိုပျော်စေချင်တယ်”

“မဏိ ပြန်တော့မှာလား”

“အင်း ပြန်တော့မယ်
ရမ်လေး သွားပြီနော်”

မဏိက သူတို့ကို နှုတ်ဆက်၍ ထွက်ခွာသွားတော့ ရမ်လေး ဇိုင်ကိုတံတောင်ဆစ်နဲ့တွက်လိုက်ကာ

“ဘယ်နှယ့်လဲ ကိုယ်တော်ချော မျက်လုံးကြီးပါ
ကားပေါ်ပါသွားအုံးမယ် တို့လည်းသွားစို့ နောက်ကျနေပြီ”

“အင်း”

ကားပေါ်မှာလည်း ပြုံးတုံးပြုံးတုံးနဲ့ ရယ်ခဲတဲ့သူက စဉ်းစားလိုက် ပြုံးလိုက် လုပ်နေတော့

“ဟေ့ကောင် သွားလေးလည်းစိအုံးအအေးပတ်နေဦးမယ် ကြာတော့အမြင်ကပ်လာပြီ”

ဒီကောင်ကြီး မဏိထွက်သွားကတည်းက အပြုံးဆိုတာ ဘာလဲမေးယူရလောက်တဲ့အထိ ရှားရှားပါးပါးဖြစ်သွားသည်။

အသည်းကွဲဒဏ်ရာကို ရင်ခွင်ပိုက်ပြီး ငွေကိုသာ သည်းကြီးမည်းကြီးရှာတော့ အန်တီတို့က တားယူရလောက်တဲ့အထိ ပိုပြီးချမ်းသာချင်ခဲ့သည်။

Darkness To Light(Completed)Where stories live. Discover now