1✿Baby's Breath✿1

15.2K 1.1K 36
                                    

✿Baby's Breath✿
Chapter-1

Park Chanyeol's POV...

'​သေ​ရော...​နောက်​ကျပြီ!'

အိပ်​ရာနိုးနိုးချင်း နာရီကြည့်​လိုက်​​တော့ 7:30am...
ဒီပုံအတိုင်းဆိုရင်​​တော့ ​ကျောင်းအ​ရောက်​ မာရသွန်​​ပြေးရ​တော့မယ်​ထင်​ပါတယ်​...

ခြုံအိပ်​ထားတဲ့ ​စောင်​ထူထူကြီးကို ​ခြေ​ထောက်​နဲ့ ကန်​ဖယ်​ရင်း ကုတင်​​ပေါ်က ဆင်း​လိုက်​​တော့ ကြမ်းပြင်​​ပေါ်က တစ်​စုံတစ်​ရာကို ​ခြေ​ထောက်​နဲ့ထိမိသွားတယ်​...

အလန့်​တကြားနဲ့ ​ခြေ​ထောက်​ပြန်​ရုတ်​ပြီးမှ Baekhyun မ​နေ့ညက ကျွန်​​တော့်​​ကုတင်​​ပေါ်မှာလာအိပ်​တာကို သတိထားမိသွားတယ်​...
အဲ့​ကောင်​​လေးက အမြဲတမ်းအဲ့လိုပဲ...
ဘယ်​​လောက်​ပဲ ကိုယ့်​အခန်းမှာ ကိုယ်​အိပ်​လို့​ပြော​ပြော နားမ​ထောင်တာ...
ညတိုင်းလိုလိုလာအိပ်​တယ်​...
အဲ့လိုနဲ့ မနက်​​ရောက်​​တော့ ကြမ်းပြင်​​ပေါ် သူ​ ပြုတ်​ကျရင်​ ကျ, မကျရင်​ ကျွန်​​တော်​ ကျတာပဲ...
ဒီ​နေ့​တော့ သူပြုတ်​ကျတာ...xD
ကျွန်​​တော့်​ ဒူး​ခေါင်း​လေးက​တော့ ​ဘောလုံးကန်​လို့ ဒဏ်​ရာမရပဲ ကုတင်​​ပေါ်ကျပြုတ်​ကျလို့ ရတဲ့ ဒဏ်​ရာကများ​နေတယ်​...

အ​မေနဲ့တိုင်​​ပြောရင်​လည်း လာအိပ်​ခွင့်​မပြုရ​ကောင်းလားဆိုပြီး ကျွန်​​တော်​ Park Chanyeol ရဲ့ အမှားပဲဖြစ်​မှာပဲ​လေ...
ဘယ်​​လောက်​​တောင်​ ဘက်​လိုက်​သလဲဆိုရင်​ ကျွန်​​တော့်​ အ​မေလားလို့​တောင်​ ပြန်​​မေးယူရတဲ့အဖြစ်​....
Baekhyun ဘယ်​​လောက်​ပဲ အမှားလုပ်​လုပ်​ အ​မေက အမြဲတမ်းသူ့ဘက်​က​လေ...
Baekhyun မိဘ​တွေဆုံးသွားပြီးကတည်းက ကျွန်​​တော်​တို့မိသားစုထဲ သူဝင်​လာခဲ့တာကို အလိုမကျခဲ့တာပါ...
ခတ်​တာက Baekhyun ဆိုတဲ့ ကျပ်​မပြည့်​တဲ့​ကောင်​​လေးကို ကျွန်​​တော့်​ ဘဝထဲက လုံးဝ ဖယ်​ရှားလို့မရခဲ့ဘူးဆိုတာပါပဲ...

'Omma...Baekhyun ကျွန်​​တော့်​အခန်းထဲလာအိပ်​​နေပြန်​ပြီ...'
အော်​​ပြောလိုက်​ပြီးကာမှ အိမ်​မှာ အ​မေမရှိတာ သတိထားမိသွားတယ်​...
မနက်​အ​စောကြီးကတည်းက အလုပ်​ဆင်းနှင့်​ပြီ​လေ...

✿Baby's Breath✿Where stories live. Discover now