✿Baby's Breath✿
Chapter - 10Baekhyun က ကိုယ်အပူချိန် နည်းနည်းတော့ ကျန်သေးပေမယ့် ဆရာဝန်က အိမ်ပြန်ပြီး ကောင်းကောင်း အနားယူ လိုက်ရင် ရတယ်လို့ပြောတာကြောင့် ဆေးရုံဆင်းလိုက်တယ်လေ...
သူနေမကောင်း စဖြစ်ကတည်းက ကျွန်တော်တို့ နှစ်ယောက် စကားသေချာမပြောဖြစ်ခဲ့ကြတာ အခုထက်ထိပဲ...
နည်းနည်း ကသိကအောက်ဖြစ်တယ်လို့ပဲ ပြောရမလား...
Baekhyun ကတော့ အရင်အတိုင်း ရွှင်ရွှင်လန်းလန်းလေး ပြန်ဖြစ်လာပေမယ့် ကျွန်တော်ကတော့ သိပ်အဆင်မပြေဘူး...
Baekhyun မျက်ရည်ဝဲနေတဲ့ မျက်နှာလေးကို ပြန်မြင်ယောင်တိုင်း ဘာမှန်းမသိ ရင်ဘက်ထဲက တဆစ်ဆစ်နဲ့နာတယ်...
အိပ်စက် အနားယူလိုက်ရင်တောင် မသက်သာဘူးလေ...'Omma! Baekhyun က ကျောင်းမသွားချင်တော့ဘူးတဲ့...'
ကျွန်တော် ကျောင်းအင်္ကျီကြယ်သီးတပ်ရင်းပြောတော့ သူမ အလုပ်အတွက် စာရွက်စာတမ်းတွေ ထည့်နေရင်း လှမ်းပြောတယ်...
'ဘာလို့မတတ်ချင်တာလဲ? Baekhyunee က ကျောင်းချစ်ပါတယ်...'
Baekhyun ကို ကြည့်တော့ ဘာမှမသိသလိုလိုနဲ့ ကြယ်သီးတပ်နေတယ်...
မှားပြီး တပ်နေလို့တောင် ကျွန်တော် ပြန်ပြင်ပြီး တပ်ပေးလိုက်ရသေးတယ်...'Chanyeol! သား သူနဲ့ ရန်ဖြစ်ထားတာတော့ မဟုတ်ပါဘူးနော်...ကလေးက နေမကောင်းဖြစ်ထားတာ...ကောင်းကောင်း ဂရုစိုက်...ပြီးတော ကျောင်းက သူတတ်လို့ရတဲ့ အထိ တတ်ရင်ရတာပဲ...'
'ဘာလဲ...ကျောင်းက သူ့ကို မတတ်နဲ့တော့လို့ မပြောခင်အထိလား?'
'အင်းလေ...'
ကျောင်းကို ကမဟုတ်တာပါ...
ကျောင်းအုပ်ကြီးနဲ့ အမေဆွေးနွေးတုန်းက မနည်းပြောပြီး ခွင့်တောင်းခဲ့ရတာ ကျွန်တော် သိတာပေါ့...
အဲ့လောက် Baekhyun ကိုလက်မခံချင်ဘူးဆိုရင်လည်း ဘာဖြစ်လို့များ ဥာဏ်မမှီတဲ့ကလေးတွေအတွက် အထူးတန်းလုပ်ထားသေးလဲ...
YOU ARE READING
✿Baby's Breath✿
Fanfictionနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...