✿Baby's Breath✿
Finale 😢ကျွန်တော် စကားပြောဖို့ ပြင်လိုက်ပေမယ့် စကားတစ်လုံးမှထွက်မလာခဲ့...
အတွေးတွေလဲ ဗလာကျင်းလို့...
တဖြည်းဖြည်းနဲ့ အတိက်ကအကြောင်းတွေက ကျွန်တော့် မှတ်ဥာဏ်တွေထဲကို တရိပ်ရိပ်နဲ့ ဝင်ရောက်လာတယ်...ကျွန်တော် သူ့ကို ငေးကြည့်တော့ ပန်းတွေဆီကို အာရုံရောက်နေပြီး ထုံးစံအတိုင်း ကျွန်တော့်ဆီ အာရုံမရ...
ပန်းပွင့်လေးတွေကို တယုတယနဲ့ ပွတ်သပ်နေလေရဲ့...
သူ့ရဲ့ အထိအတွေ့လေးတွေမှာ နူးညံ့မှုလေးတွေရှိတယ်၊ အဲဒါက ကျွန်တော့်ကို စိတ်တည်ငြိမ်စေတယ်လေ...
အကယ်၍ ကျွန်တော်သာ ပန်းလေးတစ်ပွင့်ဖြစ်ခဲ့ရင်လည်း သစ်ရွက်နဲ့ ပွင့်ဖက်လေးတွေကို သူ တယုတယနဲ့ အမြတ်တနိုးထားသလိုပေါ့...
ဘယ်အချိန်ကထဲက သွားယူထားမှန်းမသိလိုက်တဲ့ ရေကရားလေးကိုလည်း လက်ထဲမှာကိုင်ထားပြီး နေရောင်ငတ်မွတ်ခဲ့တဲ့ ပန်းဆိုင်က ပန်းကလေးတွေ...ရေဆာနေကြတဲ့ ပန်းပင်ကလေးတွေကို ရေလောင်းလို့နေတယ်...ပန်းပင် တစ်ပင်ချင်း တစ်ပင်ချင်းကို သူ့စိတ်ကြိုက် ရေလောင်းပြီးတော့ ကျေနပ်သွားသလိုလိုနဲ့ပြုံးတယ်...
ကျွန်တော်လည်း အလိုလို လိုက်ပြုံးမိလိုက်တယ်...'Baekhyun...'
ကျွန်တော်သူ့ကို ခေါ်လိုက်တယ်...
ခဏလေးနဲ့ တစ်ခြားဘက် စိတ်မရောက်သွားဖို့မျှော်လင့်ရင်းပေါ့...'ကျေးဇူးပဲ Baekhyun-ah... ဘာပြောရမှန်း မသိပေမယ့် ကျေးဇူးတင်တယ်...အမြဲတမ်း ငါ့ဘေးနားမှာ ရှိနေပေးလို့...တစ်ခါတစ်လေ ငါ့ဘက်က မင်းအပေါ် တာဝန်မကျေတာတွေရှိခဲ့ပေမယ့် ငါ့ကို မမုန်းပဲ ငါ့အနားမှာ ရှိနေပေးခဲ့တယ်...ငါ...'
သူ ဘာလုပ်နေတာလဲဆိုတာ သိရဖို့ အနောက်ကို လှည့်ကြည့်လိုက်ပေမယ့် သူကတော့ တူရွင်းကိုင်ပြီး ကုန်းကုန်းကွကွနဲ့ ကျောက်စရစ်ခဲလေးတွေကို ဖယ်နေလေရဲ့..
သူ... ကျွန်တော်ပြောနေတာတွေ နားမထောင်ခဲ့ဘူး...
'Yah! Byun Baekhyun! ငါ့မှာတော့ မင်းကို ရင်ဖွင့်နေလိုက်ရတာ...မင်းက နားတောင် ထောင်မနေဘူး!'
ကျွန်တော် စိတ်တိုတိုနဲ့ အော်လိုက်တော့ အားနာသွားတဲ့ မျက်နှာပေးလေးနဲ့ တူရွင်းလေးကိုင်ရင်း ကျွန်တော့်ဘေးနားမှာ လာရပ်တယ်...
ကျွန်တော့်ကို ငေးပြီး စိုက်ကြည့်နေတဲ့ အချိန်မှ ရင်ဖွင့်ခဲ့မိတာကို နောင်တရသွားတယ်...
Baekhyun မကြားလိုက်ရင်လည်း အကောင်းသား...
ဘာလို့လဲဆိုတော့ အခုပဲ ကျွန်တော့်ကို အတည်ပေါက်ကြီးနဲ့ စိုက်ကြည့်နေတယ်လေ...
YOU ARE READING
✿Baby's Breath✿
Fanfictionနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...