23✿Baby's Breath✿23

6.8K 857 47
                                    

✿Baby's Breath✿
Chapter - 23

မိုး​တိမ်​​တွေ မဲ​မှောင်​လာပြီး လျှပ်​စီး​တွေ လပ်​​နေပုံ​ထောက်​ရင်​ ကျွန်​​တော်​လည်း ကံဆိုးမိုး​မှောင်​ ကြ​တော့မယ့်​​သ​ဘောရှိတယ်​...
ဖုန်းဖွင့်​ကြည့်​​တော့ အ​မေ့ဆီက missed call က ၁၆ ​စောင်​...!
မနက်​ဖြန်​ကျရင်​ အဆဲခံရ​တော့မယ်​ဆိုတာသိ​ပေမယ့်​ ဖုန်​ပြန်​မဆက်​​တော့ဖို့ ဆုံးဖြတ်​လိုက်​တယ်​...
နောင်​ခါလာ ​နောင်​ခါရှင်း​ပေါ့...

ရာသီဥတုကြီးက အုံ့မှိုင်းလာတာနဲ့အမျှ လမ်းသွားလမ်းလာ​တွေလည်း တစ်​စထက်​ တစ်​စ ပါးလာခဲ့တယ်​...
ကွပ်​ပျစ်​မှာထိုင်​​နေတဲ့ အိမ်​ရှင်​ အဖွားအိုရဲ့ သတင်းစာအထပ်​လိုက်​ကို တဖျပ်​ဖျပ်​ခပ်​​နေတဲ့
အသံကလွဲရင်​ အိမ်​​ဟောင်း​လေးက အစွန့်​ပစ်​ခံထား​နေရသလို တိတ်​ဆိတ်​ငြိမ်သ​က်​လွန်းလှတယ်​...

'လူ​လေး...မင်းဒီမှာပဲ ​နေမှရမယ်​...မိုးက မနက်​ဖြန်​အထိ ရွာ​တော့မှာ...'

ယပ်​​တောင်​ခပ်​သံအဆုံးမှာ ခပ်​တိုးတိုး​ပြောလာတဲ့ အဖွားအိုဆီ ကျွန်​​တော်​လှမ်းကြည့်​ပြီး ​အသာ
ခေါင်းငြိမ့်​ပြလိုက်​မိတယ်​...
ကျွန်​​တော့်​ လက်​​တွေက​တော့ Baekhyun လက်​နုနု​လေးဆီမှာ ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ကိုင်​ထားတုန်း...

'​ကျေးဇူးတင်​ပါတယ်​...'

ဒီထက်​ပိုပြီး အဖွားကို ​ကျေးဇူးတင်​စကား​ပြောချင်​​ပေမယ့်​ လက်​ရှိ စိတ်အ​​ခြေအ​နေအရ ​ခပ်​တိုတိုပဲ ​ပြောလိုက်​မိတယ်​...
ကျွန်​​တော်​တို့ကို အရမ်းဂရုမစိုက်​ပြ​ပေမယ့်​ သူမမျက်​ဝန်း​တွေထဲက ဂရုဏာသက်​မှုကို
ကျွန်​​တော်​ မြင်​​နေရပါတယ်​​လေ...
တစ်​ခြားအိမ်​နီးနားချင်း​တွေလို Baekhyun က
စိတ်​မမှန်​ဘူးတို့ ဘာတို့​ပြောဖို့​နေ​နေသာသာ ​မေးထူး​ခေါ်​ပြော​တောင်​ သိပ်​မ​ပြောဖြစ်​ခဲ့ဘူး​လေ...

ဘေးပတ်​ဝန်းကျင်​က တိတ်​ဆိတ်​​နေပုံ​ထောက်​ရင်​ ဘယ်​သူမှာ ရဲမ​ခေါ်ထားကြဘူးထင်​ပါတယ်​...
ဒါ​ပေမယ့်​လည်း မနက်​​ရောက်​ရင်​ ကိစ္စတစ်​ခုခု​ပေါ်ရင်​လည်း ​ပေါ်လာမှာ​ပေါ့​လေ...ဘယ်​​ပြောနိုင်​မလဲ

✿Baby's Breath✿Where stories live. Discover now