✿Baby's Breath✿
Chapter - 19Baekhyun သူ ထွက်မသွားခင်တစ်ရက်မှာ
ကျောင်းထုတ်ခံလိုက်ရတယ်လေ...
များသောအားဖြင့် ခွင့်လွှတ်တတ်ပြီး သဘောကောင်းတဲ့ သူ့ရဲ့ အထူးတန်းက ဆရာမကတော့ ပန်းရောင် မှတ်စု စာရွက်ကလေးကို Baekhyun ဆီ
ကမ်းပေးပြီး သူ့ကျောကုန်းလေးကို ပုတ်ပေးရင်း
တစ်ခြားလမ်းကြောင်းပေါ်လျှောက်သွားပေမယ့်လို့ အနာဂတ်တောက်ပ,လာမှာ ဆိုတဲ့ နှစ်သိမ့်စကားကို ပြောနေလေရဲ့...
ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီ့ စကားကို ရွဲ့တယ်လို့ပဲစဉ်းစားတယ်...
ဒီလောက်လူတွေအများကြီးထဲမှာမှ အခုလို ဆရာမတစ်ယောက်ရဲ့ ပါးစပ်ကနေ ကျောင်းကိုချစ်မြတ်နိုးတဲ့ကျောင်းသားတစ်ယောက်ကို ပြောတဲ့စကားက မလိုက်ဖက်လှဘူးလေ...
ကျောင်းသာ တက်ခွင့်မရဘူးဆိုရင် ဘယ်မှာ
တောက်ပတဲ့ အနာဂတ်ကို ရနိုင်ဦးမှာလဲ?ကျွန်တော် အထူးတန်းက သူ့အခြေအနေတစ်ချက်သွားကြည့်ပြီး ရုံးခန်းဘက်ကို ဦးတည်လိုက်တယ်...
အရင်နေ့တွေက ကျောင်းပျက်တဲ့ ကိစ္စကို ရှင်းပြရဦးမယ်လေ...
ကျွန်တော်ပါ ရောပြီး ကျောင်းက
နှင်ထုတ်မခံရအောင်တော့ စကားကို
သတိထားပြီးပြောရမှာပဲ...
ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါ အထုတ်ခံရလည်း အေးတာပဲ...အတန်းထဲပြန်ရောက်တော့ နေရာမှာ ဝင်ထိုင်ပြီး
သင်္ချာ အချိန်ုဖြစ်တာကြောင့် အပြင်ကိုငေးနေလိုက်တယ်...
သမိုင်းအချိန်မှာတော့ အိပ်ပြီး အနုပညာအချိန်
ရောက်တော့ နားနေခန်းမှာ သွားနေလိုက်တယ်လေ...
အဲ့လိုနဲ့ ကျောင်းတက်ဖို့ စိတ်မပါတာနဲ့ပဲ တစ်နာရီခွဲလောက်ကို အတန်းအပြင်မှာပဲ ကုန်ဆုံးလိုက်တော့တယ်...
ဆရာက အတန်းအချိန်ပြီးရင် တွေ့ရအောင်လို့ပြောလည်း ဗိုက်နာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ
လှည့်ထွက်လာလိုက်တယ်...ကျောင်းဆင်းတော့ လာမယ့်ပြိုင်ပွဲအတွက် ဘောလုံးလေ့ကျင့်ရဦးမှာမို့ မြက်ခင်းပြင်ဘက် ဦးတည်လိုက်တယ်...
ခြေထောက် ဒဏ်ရာကတော့ တော်တော်လေး သက်သာသွားပြီလို့ပဲပြောရမယ်...
ဒူးခေါင်းမှာ မြင်မကောင်းတဲ့ အမာရွက်အနည်းငယ်ကျန်တာကလွဲလို့ပေါ့...
လေ့ကျင့်ရင် ကောင်းကောင်းပြေးနိုင်အောင်
ဆေးတော့ နည်းနည်းဖျန်းထားရသေးတယ်...
ČTEŠ
✿Baby's Breath✿
Fanfikceနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...