17✿Baby's Breath✿17

7.4K 803 47
                                    

✿Baby's Breath✿
Chapter - 17

ကျွန်​​တော်​ ​ဘောင်းဘီအိတ်​ထဲက ဖုန်း alarm သံ
ကြောင့်​ နိုးလာခဲ့တယ်​...
သာမန်​ ​နေ့​တွေဆို ​ကျောင်းတက်​ဖို့ ပြင်​ဆင်​ရ​တော့မှာ​လေ...
ဒီ​နေ့​တော့ အရင်​​နေ့​တွေကလို မျက်​နှာကျက်​မှာ ကပ်​ထားတဲ့ ပလက်​စတစ်​ကြယ်​က​လေး​တွေကို
မမြင်​ရ​တော့ဘူး​...

ပြီး​တော့ အရင်​မနက်​ခင်း​တွေနဲ့မတူ​တာ​လေး
တစ်​ခုက ကျွန်​​တော့်​ ​ဘေးနားက ​နွေး​ထွေးတဲ့
ခန္ဓာကိုယ်​​လေးတစ်​ခုနဲ့အတူ နိုးထခဲ့တာ​ပါ...

ကျွန်​​တော်​ ​အ​တွေးလွန်​​နေတုန်း Baekhyun
တစ်​​ယောက်​ အိပ်​​နေရာက​နေ လှုပ်​လာတယ်​...
မျက်​လုံး​လေးနှစ်​လုံးကို ပွတ်​သပ်​ပြီး
သေချာမနိုး​သေး​ပေမယ့်​ ရယ်​ပြရင်း နှုတ်​ဆက်​တယ်​...

'​Good Mornee Chanyeol...'

မှေးစင်း​နေတဲ့ မျက်​ဝန်း​လေး​တွေနဲ့
အသံတိုးတိုး​လေးက ကျွန်​​တော့်​ကို​တောင်
ရှက်​ကိုးရှက်​ကန်းဖြစ်​​စေတယ်​​လေ...
အခုမှ ​သေချာကြည့်​မိ​တော့ ကျွန်​​တော့်
လက်​​မောင်းက Baekhyun ​ခေါင်း​အောက်​မှာ
ခေါင်းအုံးအ​ဖြစ်​​နေရာယူထားပြီး
သူနဲ့ကျွန်​​တော်​နဲ့က
မျက်​နှာချင်းဆိုင်​ အ​နေအထားကိုဖြစ်​လို့...
ကျွန်​​တော်​​တောင်​မသိလိုက်​ပဲ သူ့မျက်​နှာ
အစိတ်​အပိုင်း​လေး​တွေကို ​ငေးကြည့်​​နေမိရင်း
သတိဝင်​လာမှ သူ့​ခေါင်း​အောက်​က
ကျွန်​​တော့်​လက်​ကို အသာ ဖယ်​လိုက်​မိတယ်​....

ပြီး​တော့ နည်းနည်းရှက်​သွားတာနဲ့
သူ့ကို​ကျော​ပေးပြီး ဖုန်းကို
အာရုံစိုက်​​နေလိုက်​မိတယ်​...

ထင်​ထားတဲ့အတိုင်း missed call ​တွေ
msg ​တွေနဲ့ ပြည့်​​နေတယ်​​လေ...
အများစုက​တော့ အ​မေ့ဆီကဖြစ်​ပြီး တစ်​ချို့က Jongin ဆီက​လေ...
အ​မေ့ကို​တော့ ဖုန်းမ​ခေါ်ဖို့ ဆုံးဖြတ်​လိုက်​ပြီး
Jongin ကို ဆက်​လိုက်​​တော့ တစ်​ဖက်​က
အိပ်​ချင်​မူးတူးအသံနဲ့ ဖုန်းပြန်​​ဖြေတယ်​...

✿Baby's Breath✿Wo Geschichten leben. Entdecke jetzt