27✿Baby's Breath✿27

6.4K 813 105
                                    

✿Baby's Breath✿
Chapter - 27

'ကျေးဇူးပြုပြီး မစခင် အချိန် ဆယ်မိနစ်လောက်နောက်ရွှေ့ပေးဖို့ တောင်းဆိုချင်ပါတယ်...!'

ရှေ့နေ Sora အလျင်အမြန် ခွင့်တောင်းလိုက်မိတယ်...
တရားသူကြီးကတော့ သူမရဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးဖို့ တွန့်ဆုတ်နေပေမယ့် အရေးတကြီး တောင်းဆိုနေတာကြောင့် ၅ မိနစ်အချိန်ပေးလိုက်လေရဲ့...
ခွင့်ပြုချက်ရရချင်းမှာပဲ သူမ အခန်းတံခါးဝဆီ မပြေးရုံတစ်မယ် လျှောက်ရင်း စင်္ကြံတစ်လျှောက်ကို အကဲခတ်လိုက်တယ်...
စကျင်ကျောက်ကြွေပြားခင်းထားတဲ့ စင်္ကြံတစ်လျှောက် လမ်းသွားလမ်းလာတွေရှင်းနေပေမယ့် ခပ်လှမ်းလှမ်း ပြတင်းပေါက်နားက weelchair နဲ့ တစ်စုံ တစ်ယောက်ကို တွေ့လိုက်ရတယ်...

သူမ Chanyeol နား အသာ ချည်းကပ်သွားမိတယ်...
အနားမရောက်သေးပေမယ့် ကြွေပြားကြောင့် ခြေတစ်လှမ်းလှမ်းတိုင်းမြည်နေတဲ့ ဒေါက်ဖိနပ်သံကြောင့် ပြိုပျက်သွားတဲ့ တိတ်ဆိတ်မှုမှာ စိတ်အနှောင့်အယှက်ဖြစ်တဲ့ ပုံစံနဲ့ သူလှည့်ကြည့်တယ်...

'ခဏလေးပါ!'

Wheelchair ဘီးကို လှမ်းကိုင်ပြီး ထွက်သွားဖို့ပြင်လိုက်တဲ့ သူ့ကြောင့် သူမ ကမန်းကတန်း တားလိုက်မိတယ်...

'ကျွန်မ ပြောစရာရှိလို့ပါ...!'

'ကျွန်တော့်မှာပြောစရာမရှိဘူး...'

Chanyeol သူမကို မျက်နှာလွှဲရင်း ခါးခါးသီးသီးငြင်းတယ်...

Sora သူ့ရဲ့ wheelchair လက်ကိုင်လေးကို လှမ်းကိုင်ထားလိုက်ရင်း မထွက်သွားဖို့ တောင်းဆိုလိုက်တယ်လေ...
သူ ထွက်သွားလိုက်လို့ မဖြစ်ဘူးလေ...
Baekhyunဆီက စကားအချို့ ကြားပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ သူမ အသေအချာ မပြောနိုင်ဘူး...
သူ ဂရုစိုက်ရတဲ့ တစ်စုံတစ်ယောက်က သူ့ကို ကျောခိုင်းသွားတဲ့အခါ Baekhyun သူ့မိသားစုလေးဆီ ဘယ်လိုပြန်သွားရမလဲဆိုတာ မရေရာဘူးလေ...

'ရှင် စိတ်မကောင်းဖြစ်နေတယ်ဆိုတာ နားလည်ပါတယ်...အခုရှင့်လုပ်ရက်နဲ့ပတ်သက်ပြီး ရှင့်အတွက် ခက်ခဲတယ်ဆိုတာလည်း သိပါတယ်...Chanyeol-ssi!...ဒါပေမယ့်အခု...Baekhyune ရှင့်ကို လိုအပ်နေတယ်...'

✿Baby's Breath✿Waar verhalen tot leven komen. Ontdek het nu