✿Baby's Breath✿
Chapter - 15နောက်တစ်နေ့မနက် ကျွန်တော်နိုးလာတော့ ရင်ထဲမှာ တစ်မျိုးလေးခံစားရတုန်း...
မသိရင် ဗိုက်ထဲမှာ ငှက်ကလေးတွေ ပျံပြေးနေသလိုမျိုးလေ...
ငှက်ကလေးတွေဆိုမှ...ကျွန်တော်နိုးလာတာ ဒင်းတို့ကြောင့်...
မနက်ကဖြင့် မိုးမလင်းသေးဘူး သူတို့က ပြတင်းပေါက်နားမှာ ကျလိကျလိနဲ့ အစာလာတောင်းနေပြီ...
အဲ့ဒါကလဲ Baekhyun ကြောင့်...
သူက မနက်တိုင်း ငှက်ကလေးတွေကို ဆန်စေ့လေးတွေကျွေးနေကျ...
မကျွေးပါနဲ့လို့ တားလည်း မရဘူးလေ...
အဲ့ဒါကြောင့်လည်း အချိန်မှန်လာနေကြတာ...
နိုးစက်တောင်မလိုသလောက်ပဲ...မနေ့က အဖြစ်အပျက်တွေ ဝေဝါးစွာနဲ့ပဲ ကျွန်တော် အိပ်ရာပေါ်ကနေ လူးလဲထလိုက်တယ်...
သိပ်မကြာခင် ကျောင်းဝတ်စုံအဆင်သင့်ဝတ်ထားပြီး ရယ်မောနေတဲ့ Baekhyun တစ်ယောက် ကျွန်တော့်အခန်းထဲ ဝင်လာလိမ့်မယ်လို့မျှော်လင့်ရင်းနဲ့ပေါ့...
ဒါပေမယ့် အခန်းလေးက သာမန်နဲ့မတူပဲ တိတ်ဆိတ်နေတယ်...အထူးသဖြင့် Baekhyun ရဲ့ ရယ်သံလေးတွေမရှိပဲ...သူမနိုးသေးတာများလား?
ကျွန်တော် ကျောင်းအင်္ကျီကြယ်သီးတပ်ရင်း သူ့အခန်းလေးဆီ လျှောက်သွားလိုက်တော့ Baekhyun က နိုးနှင့်နေပြီလေ...
ပြတင်းပေါက်တွေပွင့်နေပြီး ကျွန်တော်ဝင်လာရာကို ကျောပေးရင်း ဘောင်ပေါ်က baby's breath ပန်းပင်လေးကို ရေဘူးလေးနဲ့ ရေလောင်းနေတယ်...'Baek! ကျောင်းမသွားဘူးလား?'
ကျွန်တော် မနေ့က အဖြစ်အပျက်ကို အတက်နိုင်ဆုံး မေ့ချင်ယောင်ဆောင်ရင်း မပွင့်တပွင့်နဲ့မေးလိုက်မိတယ်...
မနေ့က သူ့ရင်ခွင်သေးသေးလေးထဲ ကလေးတစ်ယောက်လို တိုးဝင်ပြီး ငိုခဲ့တဲ့သူက ကျွန်တော် မဟုတ်တဲ့အတိုင်း...
ဘာပဲဖြစ်ဖြစ်ပါ ဒီနေ့ကလည်း သာမန် မနက်ခင်းတွေထဲက တစ်ခုပါပဲ...
YOU ARE READING
✿Baby's Breath✿
Fanfictionနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...