✿Baby's Breath✿
Chapter - 18'...Kris???'
ကျွန်တော် အိပ်မက်လားလို့တောင် ထင်ခဲ့မိတာ...
အခုလို တိုက်ဆိုင်မှုတစ်ခုက ဖြစ်လာစရာ
အကြောင်းမှမရှိတာလေ...
Vancouver ကလာတဲ့ ကျောင်းပြောင်း ကျောင်းသားတစ်ယောက်က ဘယ်လိုဖြစ်လို့ ကျွန်တော့်
မျက်စိရှေ့က ရဲတစ်ယောက် ဖြစ်နေရတာပါလိမ့်...တခြား ရဲဝန်ထမ်းတွေကို ဆက်ဆံပုံနဲ့ အမိန့်ပေးနေပုံကို ကြည့်ရတာ တော်တော်တော့ အရေးပါတဲ့
သူတစ်ယောက် ဖြစ်ရမယ်...
ရုတ်တရက် ကြုံတွေ့လိုက်ရတဲ့အခြေအနေမှာ ကျွန်တော် သူ့အပေါ် ဘယ်လို တုန့်ပြန်ရမလဲ မစဉ်းစားတတ်တော့...
ကျွန်တော့်ရဲ့ အတန်းဖော်အနေနဲ့လား?
ဒါမှမဟုတ်...
ဝတ်စုံပြည့်နဲ့ ခန့်ညားလှတဲ့ ရဲတစ်ယောက် အနေနဲ့လား?'အဟမ်း! ဟို...Kris? Kris လားမသိဘူး..?'
ကျွန်တော့် အမေးမှာ သူ လက်ထဲက note ပေါ် တစ်ခုခုငုံ့ရေးနေရင်းနဲ့ ခေါင်းမော့ကြည့်တယ်...
ချက်ချင်းအဖြေ ပြန်မပေးသေးပဲနဲ့ လက်ထဲက
စာအုပ်ကို တစ်ခြား ရဲတစ်ဦးဆီ လှမ်းပေးရင်း အသာပြုံးတယ်...
ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်လုံးကို ကင်းလှည့် ရဲကားနားခေါ်သွားပြီး အနောက်တံခါး ဖွင့်ပေးပြီး ဘေးနားက ရဲဦးလေးကြီးနှစ်ယောက်ကို အချက်ပြလိုက်သေးတယ်...'လမ်းမှာ စကားပြောကြတာပေါ့...ဒီနေရာက လူရှုပ်တော့ စကားကောင်းကောင်းပြောလို့မရလောက်ဘူး...'
ကားပေါ် လိုက်ခဲ့ဖို့ မငြင်းခဲ့ပေမယ့် ကျွန်တော်
အခုထက်ထိ ဇဝေဇဝါ ဖြစ်နေတုန်း...
ဒါပေမယ့် အခုလို ရုပ်ရှင်တွေထဲကလို ကားအကောင်းစားကြီး စီးရတာကတော့ စိတ်လှုပ်ရှားမိသား...
သာမန်ရဲကားတွေနဲ့မတူပုံထောက်ရင် ရာထူးမြင့်မယ့်ပုံပါ...Baekhyun က တော့ စိတ်အေးလက်အေးနဲ့ ဟိုကြည့်ဒီကြည့် လုပ်နေတယ်...
စိတ်မအေးနိုင်တာ ကျွန်တော်မို့လို့ စာရွက်စာတမ်းတွေ စစ်ဆေးနေတဲ့ Kris ကို မေးလိုက်မိတယ်...
YOU ARE READING
✿Baby's Breath✿
Fanfictionနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...