✿Baby's Breath✿
Chapter -20ကျွန်တော်နိုးလာတော့ ဘေးမှာ Baekhyun
ရှိမနေတော့တာကြောင့် ရုတ်တရက် လန့်ပြီး
ကုန်းရုံးထထိုင်မိတယ်...
အိပ်ချင်နေတဲ့ စိတ်တွေတောင် ဘယ်ရောက်လို့ရောက်သွားမှန်းမသိတာ အမှန်ပါ...
မနက်စာများ သွားစားနေတာလား ??
အရင်လိုနေ့တွေသာဆို ကျွန်တော် ဒီလောက် စိတ်ပူနေမိမှာမဟုတ်ဘူး...
ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့က...
သူတို့ Baekhyun ကို လာခေါ်သွားကြမယ့်နေ့ဖြစ်လို့လေ...
ပြီးတော့...
ကျွန်တော်တို့ HyeSeong ကျောင်းနဲ့ Jeonil
ကျောင်းနဲ့ ဘောလုံးပွဲ ကျင်းပမယ့်နေ့...အမြန်ထပြီး ထမင်းစားပွဲဆီ သွားကြည့်လိုက်တော့မှ သက်ပြင်းပျပျ ချနိုင်တော့တယ်...
ထင်တဲ့အတိုင်း Baekhyun တစ်ယောက်
မနက်စာစားနေလေရဲ့...
ဒီနေ့ သူ့ကို လာခေါ်တဲ့ တာဝန်ရှိသူနဲ့ တွေ့ရဦးမှာဆိုတော့ အမေက အလုပ်မသွားဘူးလေ...
ဘာပဲဖြစ်ဖြစ်ပါ အနည်းဆုံး တစ်ရက်လောက်ပဲဆိုဦးတော့ Baekhyun ကျွန်တော် လုပ်ပေးတဲ့
ကြက်ဥပြုတ်အတူးနဲ့ ပဲပင်ပေါက်ကြော် မစားရတော့ဘူးပေါ့...အခုလို သူ အေးအေးဆေးဆေးနဲ့ မနက်စာစားနေတာကိုတွေ့ရတော့ ပြီးခဲ့တဲ့ အရာအားလုံးက
ကျွန်တော့်အတွက် အိပ်မက်တစ်ခုအလား...
ဘာဖြစ်လို့လဲဆိုတော့ Baekhyun မသွားသေးပဲ ထုံးစံအတိုင်း အမေက ကျွန်တော်တို့ကို
ကျောင်းလိုက်ပို့တာကြောင့်လေ...
အရင်နေ့တွေကနဲ့ မတူတာတစ်ခုတော့ရှိတယ်...
သူ...ကျောင်းအင်္ကျီ ဝတ်မထားခဲ့ဘူး...ကျောင်းထွက်လိုက်ပြီဆိုပေမယ့် ကျွန်တော်တို့ ဘောလုံးပွဲပြီးတဲ့အထိတော့ ကျောင်းထဲဝင်ခွင့်ရှိသေးတယ်လေ...
ဒီပွဲလေးက ကျွန်တော်အတွက်လည်း အရေးကြီးသလို Baekhyunee ကလည်း ကြည့်ချင်တယ်တဲ့...တကယ်တမ်းကျ Baekhyun က Luhan ဆိုတဲ့ သမင်မျက်လုံးနဲ့ ကောင်လေးနဲ့ တော်တော်
အဆင်ပြေပုံရပါတယ်...
အခုလည်း Baekhyun နဲ့ တတွဲတွဲ...!
နှုတ်ဆက်တဲ့အနေနဲ့ နေ့လယ်စာ
ဝယ်ကျွေးခိုင်းတယ်ဆိုလား...
အမှန်ဆို သူ က ကျွန်တော်နဲ့ ရှိနေရမှာကို Luhan နဲ့ပဲ ကျောင်းမှာ အမြဲအတူရှိနေတာ...
အနည်းဆုံးတော့ အခုလို မသွားခင်အချိန်လေး
ကျွန်တော်နဲ့ ပိုရှိနေသင့်တာမဟုတ်ဘူးလား...
YOU ARE READING
✿Baby's Breath✿
Fanfictionနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...