✿Baby's Breath✿
Chapter 25'မီးလောင်နေတယ်!!! မီး!!!'
ကျွန်တော် Baekhyun ရဲ့ အော်ပြောနေတဲ့အသံကိုကြားတယ်...
ဒါပေမယ့် ကျွန်တော် အိပ်မက်ထဲမှာပဲ လမ်းပျောက်နေမိတယ်...ကျွန်တော် ဘယ်နေရာကိုရောက်လို့ ရောက်နေမှန်းမသိဘူး...
အိမ်ကလည်း အရမ်း စိမ်းသက်နေပြီး ပရိဘောဂတွေကိုမြင်တော့မှ အရင်အိမ်ကလေးဆီရောက်နေတာ သတိထားမိလိုက်တယ်...
အဖေနဲ့ အတူတူနေခဲ့တဲ့ အရင်တုန်းက အိမ်အဟောင်းလေး...ခေါင်းငုံ့ကြည့်မိတော့ ကျွန်တော့်ဝတ်ထားတာက ရွှံတွေပေနေတဲ့ ဘောလုံးအင်္ကျီတစ်စုံနဲ့ ခြေထောက်မှာတော့ ဖိနပ်မရှိခဲ့...
ကျွန်တော် ခြေချောင်းတွေကို ရေတွက်ကြည့်တော့ ရှစ်ချောင်း ကိုးချောင်းတွေကိုဖြစ်လို့... (အိပ်မက်နော် 😂)
တဖြည်းဖြည်းနဲ့ မြင်လာရတဲ့ အဆုံးမရှိတဲ့ စကြံင်္လမ်းကို လျှောက်သွားမိတော့ အလယ်လောက်အရောက် ကျွန်တော်ကပဲ သေးသွားသလိုလို...
ဒါမှမဟုတ် မျက်နှာကျက်ကပဲ တဖြည်းဖြည်းမြင့်တက်သွားသလိုလိုပါ...
ကျွန်တော့်နာမည်ခေါ်သံကြားလို့ လှမ်းကြည့်မိတော့ အဖေက ဘောလုံးကန်ဖိနပ်လေးတစ်စုံကို မြှောက်ရင်း ရီပြနေလေရဲ့...'အဖေ!!!'
ကျွန်တော် အော်ခေါ်ပြီး စကြံင်္အဆုံးနားမှာ အဖေရပ်နေတယ်လို့ ထင်ရတဲ့ ပုံရိပ်တစ်ခုဆီ အသားကုန်ပြေးသွားလိုက်ပေမယ့်
အံ့ဩစရာကောင်းတာက ကျွန်တော့်ခြေထောက်တွေ
တစ်ခုခုနဲ့ ဆွဲထားသလိုမျိုး လေးလံနေတယ်...
မသင်္ကာစွာနဲ့ ဖြည်းဖြည်းချင်း ငုံ့ကြည့်မိတော့ ခြေထောက်တွေ ရှိမနေတော့...
လမ်းလျှောက်လို့ မရတော့တာကြောင့် ဒူးခေါင်းကို ဒရွတ်တိုက်ဆွဲရင်း အော်ခေါ်နေမိတယ်...'အဖေ!!!'
ဒါပေမယ့် အဖေကတော့ ကျွန်တော့် အော်ခေါ်သံကို မသိကျိုးကျွန်ပြုစွာနဲ့ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး နေရာတိုင်းမှာ မီးတွေ လောင်မြိုက်ကုန်တော့တယ်...
ကျွန်တော့် ဘေးပတ်ပတ်လည်မှာလည်း ၀န်းရံလောင်မြိုက်နေပြီး အသိစိတ်နဲ့ ၀ိဥာဉ်တို့ ကင်းကွာသွားခဲ့တယ်...
YOU ARE READING
✿Baby's Breath✿
Fanfictionနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...