✿Baby's Breath✿
Chapter - 38:00PM
ကျွန်တော် Baekhyun ကို ဆိုင်မှာ တစ်ယောက်တည်းထားခဲ့တာ သုံးနာရီလောက်ဖြစ်သွားတယ်...
သူငယ်ချင်းတွေနဲ့ game ဆော့နေရင်း အချိန်တွေကုန်မှန်းမသိကုန်သွားပြီး ညမိုးချုပ်သွားတာကိုတောင် သတိမထားမိခဲ့ဘူးလေ...
Jongdae နဲ့ Sehun တို့ မိဘတွေ ဆီက ပြန်လာခဲ့ဖို့ ဖုန်းဆက်မှပဲ game ကိုရပ်လိုက်ကြတယ်...အလန့်တကြားနဲ့ နာရီကိုကြည့်မိတော့ ၈နာရီထိုးလို့...
'ဟေ့ရောင် Chanyeol...မင်းပုံစံကလည်း သရဲတွေ့တာကျနေတာပဲ...'
'ဟင်? ဟို...အချိန်ဒီလောက်ဖြစ်သွားမှန်မသိလို့ပါကွာ...ဘာပဲဖြစ်ဖြစ် မင်းကိုငါနှစ်ပွဲနိင်တယ်နော်...'
ကျွန်တော်တို့ သုံးယောက် PC room ထဲကနေ ထွက်လာခဲ့လိုက်တယ်...
ကံကောင်းထောက်မစွာနဲ့ ဟိုနှစ်ယောက်ပြန်မယ့်လမ်းက ကျွန်တော်ပြန်မယ့်လမ်းနဲ့ မတူလို့တော်ပါသေးရဲ့...သူတို့နှစ်ယောက် မြင်ကွင်းကပျောက်သွားပြီဆိုမှပဲ ကျွန်တော်လည်း ပန်းဆိုင်ဆီ မာရသွန်ပြေးရတော့တယ်...
'Baekhyun!'
ကျွန်တော် မှောင်မဲပီး ဘယ်သူမှရှိမနေတဲ့ ဆိုင်ထဲကို အော်ခေါ်နေမိတယ်...
မရှိခဲ့ဘူး...
Baekhyun ဆိုင်ထဲမှာ ရှိမနေခဲ့ဘူးလေ...ကျွန်တော် ဆိုင်ကိုပိတ်လိုက်ပြီး လမ်းမဘက်ကိုထွက်လာလိုက်တယ်...
Baekhyun တစ်ယောက် ဝေးဝေးလံလံတော့သွားတတ်မှာမဟုတ်ဘူး...
ဒီအနီးနားမှာ မရှိခဲ့ရင်တော့ ဖြစ်နိုင်ချေက ပြန်ပေးဆွဲခံရဖို့များတယ်...ကျွန်တော် တတ်နိုင်သလောက် လမ်းမတစ်လျှောက် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်မေးကြည့်တယ်...
အရပ်ပုပု မျက်မှန်လေးနဲ့ ဆံပင်အညိုရောင်နဲ့ ကောင်လေးကိုများ တွေ့မိလားလို့...
ဒါပေမယ့် အားလုံးက မတွေ့မိဘူးပဲဖြေကြတယ်...
YOU ARE READING
✿Baby's Breath✿
Fanfictionနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...