11✿Baby's Breath✿11

8.2K 996 48
                                    

✿Baby's Breath✿
Chapter - 11

'Baekhyun...​ပြေး​တော့....!'

ကျွန်​​တော်​ သူ့ကို ထွက်​​ပြေးဖို့ ​​ပြော​နေ​ပေမယ့်​ Baekhyun တစ်​​ယောက်​ လက်​ရှိအ​​ခြေအ​နေကို နားမလည်​နိုင်​စွာနဲ့ ​ကြောင်​ကြည့်​​နေတယ်​...
ဟုတ်​မှာ​ပေါ့​လေ...
ဒီလို အကြမ်းဖက်​မှုမျိုးကို ကြုံဖူးတဲ့သူမှမဟုတ်​တာ...

ကျွန်​​တော်​ သူ့ကို အ​နောက်​ဘက်​တွန်းလိုက်​ပြီး ခပ်​တိုးတိုး ထပ်​​ပြောလိုက်​တယ်​...

'Baekhyun! မင်းကို ​ပြေး​လို့​ပြော​နေတယ်​...!'

ဒါ​ပေမယ့်​ မထွက်​မ​ပြေးပဲ ဟိုကြည့်​ဒီကြည့်​လုပ်​​နေတယ်​...

'​ခြေ​ထောက်​ချိုးကြမလား ကိုယ့်​လူတို့...!'

ပြောရင်း ကျွန်​​တော့်​ကို လက်​​မောင်းနှစ်​ဖက်​က​နေ လူနှစ်​​ယောက်​ ဆွဲ​ခေါ်ရင်း ​မတ်​တပ်​မရပ်​နိုင်​​လောက်​​တော့တဲ့ အထိ ထိုးကြိတ်​​နေတယ်​...

ကျွန်​​တော်​ ​နာကျင်​​နေတဲ့ ခန္ဓာကိုယ်​ကို ထရပ်​ဖို့ ကြိုးစား​နေတုန်းမှာပဲ သူတို့ထဲက တစ်​​ယောက်​ ကျွန်​​တော့်​ ​ခြေ​ထောက်​တစ်​ဖက်​ကို ဆွဲထုတ်လိုက်​​တယ်​...
ဒါ​ပေမယ့်​ အခုအချိန်​ ကျွန်​​တော့်​​ခေါင်းထဲမှာရှိ​နေတာ Baekhyun ဒီနားက​နေ ထွက်​​ပြေးဖို့...

'​ပြေး! ! !'

ကျွန်​​တော်​ လွယ်​အိတ်​ကို ပစ်​​ပေါက်​ရင်း ​အော်​လိုက်​​တော့ Baekhyun ထွက်​​ပြေးသွားတယ်​...

'​တော်​ပါ​သေးရဲ့...'

ကျွန်​​တော်​ ​သွေးစွန်း​နေတဲ့ နှုတ်​ခမ်းနဲ့ပဲ ခပ်​ယဲ့ယဲ့ ပြုံးလိုက်​မိတယ်​...
အဓိကက Baekhyun အန္တရာယ်​ကင်းဖို့...

ကျွန်​​တော့်​ ရင်​ဘက်​ကို အကန်​ခံလိုက်​ရတာ​ကြောင့်​ Baekhyun ကို​ပြေးဖို့​အော်​​နေတဲ့ ကျွန်​​တော့ အသံ​တွေ ထွက်​မလာ​တော့...

တစ်​ဖက်​က ကျွန်​​တော့်​ ​ခြေ​ထောက်​​ပေါ် တုတ်​နဲ့ရိုက်​ဖို့ရွယ်​တုန်း Baekhyun လမ်းတစ်​ဝက်​မှာ ​ပြေး​နေရာက​နေ ရပ်​သွားတယ်​...

အားနဲ့ လွှဲလိုက်​တဲ့ အချိန်​ ကျွန်​​တော်​ မျက်​စိစုံမှိတ်​ပြီး ​အော်​ဟစ်​လိုက်​မိတယ်​...

✿Baby's Breath✿Where stories live. Discover now