Bonus Part

10.5K 981 56
                                    

"နောက်​ဘဝကျရင်​ ...

ညီအစ်​ကို​တွေအဖြစ်
ပြန်​လည်​ ​မွေးဖွားလာကြရ​အောင်​...

သူငယ်​ချင်း​တွေအဖြစ်
ပြန်​လည်​မွေးဖွားလာကြရ​အောင်​...

ချစ်​သူ​တွေအဖြစ်
ပြန်​လည်​ ​မွေးဖွားလာကြရ​အောင်​...

ပန်းက​လေး​တွေအဖြစ်
ပြန်​လည်​ ​မွေးဖွားလာကြရ​အောင်​...

နောင်​တ​တွေမရှိ...အပြစ်​​​တွေမရှိပဲနဲ့​လေ... " တဲ့....

Baekhyun စာအုပ်ကလေးကို အသာပြန်ပိတ်ပြီး ခေါင်းအုံးအောက်ထဲ ပြန်ထည့်ထားလိုက်တယ်...
သူ့ကို ကျောခိုင်းပြီး အိပ်ပျော်နေတဲ့ Chanyeol ရဲ့ကျောပြင်လေးကို ငေးကြည့်ရင်း တဖြည်းဖြည်းပြုံးတယ်...
မျက်လုံးလေးတွေ မှေးသွားတဲ့ အထိ...
နှုတ်ခမ်းနှစ်လွှာ ပြန့်သွားတဲ့ အထိ...

သူ Chanyeol အနား အသာတိုးပြီး ခြုံပေးထားတဲ့ စောင်အစွန်းကလေးကို ဆွဲခြုံလိုက်တယ်...
ခေါင်းအုံးက တစ်ခုပဲရှိတာကြောင့် သူ့လက်မောင်းကလေးကိုသူ အသာအုံးလိုက်တယ်...
ပြီးတော့ Chanyeol ရဲ့ကျောပြင်ဖြောင့်ဖြောင့်နဲ့ သူ့ရဲ့ ရင်ဘက်ကလေးတို့ ထိကပ်သွားတဲ့အထိ တိုးရင်း ခါးပေါ်ကို လက်ကလေးလျှိုလိုက်မိတယ်...
လက်နုနုကလေးတွေနဲ့ မလျော့မတင်း ဖက်တွယ်ရင်း လေသံခပ်တိုးတိုးလေး ရေရွတ်လိုက်တော့တယ်...

'ကောင်းကောင်း အိပ်ပါ Yeollie...'

အဲဒီညက သူ့ရင်ဘက်ကလေးနဲ့ ထိကပ်နေတဲ့ ကျောပြင်ကလေးကနေ ကျယ်ဝန်းတဲ့ ရင်ခွင်တစ်ခုအဖြစ်ပြောင်းသွားတာ Baekhyunee မသိလိုက်သလို...
သူ့ခေါင်းအောက် ရောက်လာခဲ့တဲ့ အခြား လက်မောင်းတစ်စုံကိုလည်း သူ သတိမထားမိခဲ့...
ပြီးတော့...
သူ့နဖူးအပေါ်  အနမ်းဖွဖွတစ်ခုပြန်ရောက်လာတာကိုလည်း သူ မခံစားမိခဲ့...

တောင်းပန်ပါတယ် Baekhyunee...
ချမ်းအေးလှတဲ့ နေ့တွေမှာ တစ်ယောက်ထဲ အိပ်စေမိခဲ့လို့...

တောင်းပန်ပါတယ် Baekhyunee...
ငါ့အနားမှာ ရှိနေချင်ခဲ့တဲ့ မင်းကို အဝေးရောက်အောင် တွန်းပို့ခဲ့မိလို့...

တောင်းပန်ပါတယ် Baekhyunee...
ငါ့ကို လိုအပ်နေတဲ့ အချိန်တွေမှာ မင်းအနားကနေ ထွက်ပြေးသွားမိခဲ့လို့...

✿Baby's Breath✿Hikayelerin yaşadığı yer. Şimdi keşfedin