✿Baby's Breath✿
Chapter 8ကျွန်တော့်ဘဝမှာ အခုလို အဖြူရောင်တွေကို တွေ့ဖူးတာ ပထမဆုံးပဲ...
အဖြုရောင် အခင်းတွေ...အဖြူရောင် အကာတွေ...အဖြူရောင် အင်္ကျီတွေဝတ်ထားတဲ့ ဝန်ထမ်းတွေ...
'ကျွန်တော် သူ့အနားမှာနေပါရစေ...'
Baekhyun ကို ဆေးရုံကားပေါ်က လူတွေ ကားအနောက်ခန်းထဲကို သယ်နေတဲ့ အချိန် လှမ်းပြောလိုက်တယ်...
'သူ ကြောက်နေမှာ...'
ခွင့်ပြုချက်ရတာနဲ့ ခပ်မြန်မြန် ကားအနောက်ထဲဝင်ထိုင်လိုက်ပြီး Baekhyun ရဲ့ အေးစက်နေတဲ့ လက်ကလေးကို ကျွန်တော် တင်းကျပ်နေအောင် လက်နှစ်ဖက်နဲ့ ဆုတ်ကိုင်ထားမိတယ်...
ကျွန်တော် ဆေးရုံကားက ဝန်ထမ်းတွေ Baekhyun ကို လိုအပ်တဲ့ Oxygen တပ်ပေးတာတို့ လုပ်နေတဲ့အချိန် ဘာအကူအညီမှ မပေးနိုင်စွာနဲ့ပဲ ငေးကြည့်နေမိတယ်...
...
'ရိုးရိုးအအေးမိတာပါ...'
ကျွန်တော် ဆရာဝန်ကိုမော့ကြည့်လိုက်တော့ နွေးထွေးတဲ့ အပြုံးတစ်ခုနဲ့ပြောတယ်...
ဆရာဝန်စကားကြားပြီးမှပဲ ကိုယ်တိုင်တောင် ထိန်းထားမိမှန်းမသိတဲ့ သက်ပြင်းတစ်ခုကို လွှတ်လိုက်မိတယ်...'သူ အဆင်ပြေသွားပြီပေါ့နော် ဆရာ...'
ကျွန်တော် စိတ်မအေးနိုင်သေးတဲ့အတွက် ထပ်မေးလိုက်မိတယ်...
'တစ်ရက်နှစ်ရက်လောက် ဆေးရုံမှာနားလိုက်ရင် အဆင်ပြေသွားမှာပါ...ပြီးမှ အိမ်မှာ ဆက်နားစေပေါ့...ဆေးရုံထက် အိမ်က ပိုကောင်းတယ်လေ...'
'ဟို...'
ကျွန်တော် သိချင်တဲ့ မေးခွန်းတစ်ခုအတွက် ဆရာ့ကို မေးဖို့ တွေဝေနေမိတယ်...
ကျွန်တော် လှမ်းကြည့်လိုက်တော့ နာမည်ကပ်မှာ ရေးထားတာက 'Kim Joonmyeon' တဲ့...
သဘောကောင်းမယ့်ပုံရှိပြီး အားကိုးနိုင်လောက်တာကြောင့် ကျွန်တော် အရဲစွန့်ပြီး မေးလိုက်မိတယ်...
YOU ARE READING
✿Baby's Breath✿
Fanfictionနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...