16✿Baby's Breath✿16

7.6K 914 32
                                    

✿Baby's Breath✿
Chapter - 16

ပန်းအိုး​လေး​တွေ...
ပန်းရနံ့​လေး​တွေနဲ့...
နှင်းဆီပန်း​လေး​တွေ မရှိ​တော့တာကို
Baekhyun အချိန်​​တော်​​တော်​ကြာမှ
သတိထားမိတယ်​​လေ...
ဆိုင်​က​လေးရဲ့တံခါးက ပိတ်​လျက်​သား​လေးရှိ​နေပြီး သူက​တော့ အချိန်​အ​တော်​ကြာ​အောင်
နားမလည်​နိုင်​စွာနဲ့ ​ငေးကြည့်​​နေတုန်း...

ခဏကြာ​တော့ Baekhyun နှုတ်​ခမ်း​လေးပွင့်​အလာပြီး တံခါး​ပေါ်မှာ ချိတ်​ဆွဲထားတဲ့ စာတန်း​လေးကို အတန်​ကြာကြိုးစားပြီးဖတ်​​နေတယ်​...
သစ်​သားဆိုင်းဘုတ်​​လေး​ပေါ်က 'SOLD' ဆိုတဲ့ စာလုံး​လေးကိုဖတ်​ပြီးနားလည်ဖို့ဆိုတာ ​သူ့အတွက်​​တော့ သိပ်​မလွယ်​လှဘူး​လေ...
နှဖူး​လေး တွန့်​သွားတဲ့အထိ စဉ်းစားယူပြီးမှ ရှုပ်​​ထွေးတဲ့ မျက်​ဝန်း​လေး​တွေနဲ့ ကျွန်​​တော့်​ကို
လာ​မော့ကြည့်​တယ်​...
ကျွန်​​တော်​ ​ပြောလာမယ့်​ စကားကို​စောင့်​ရင်း​လေ...

'Baek...ဟို​လေ...'

ကျွန်​​တော်​ သူ့ကိုရှင်းပြဖို့ ဘာစကားမှထွက်​မလာခဲ့ဘူး...ကျွန်​​တော်​ ကိုယ်​တိုင်​ကလည်း အံ့သြသွားခဲ့တာ​ကြောင့်​​လေ...
အဘွားဆုံးသွားပြီးကတည်းက ဘယ်​လို အကျပ်​အတည်းပဲရှိရှိ အ​မေက ဒီပန်းဆိုင်​​လေးကို မ​ရောင်းပစ်​ပဲ ထိန်းသိမ်းထားတာ...
အ​ကြွေး​တွေ ပတ်​လည်​ဝိုင်း​နေတာ​တောင်​မှ
သူမ တစ်​ခါမှ ​ရောင်းပစ်​ဖို့ စိတ်​ကူးမရှိဖူးဘူး...
လာစုံစမ်းပြီး ဝယ်​ချင်​တဲ့သူ​တွေရှိ​ပေမယ့်
ငြင်းခဲ့တဲ့အထိပါပဲ...
ဘာဖြစ်​လို့လဲဆို​တော့ ဒီပန်းဆိုင်​​လေးက
ကျွန်​​တော်​တို့အတွက်​ တစ်​ခုထဲ​သော
ဘိုးဘွားပိုင်​အ​မွေအနှစ်​​လေး​ဖြစ်​လို့​လေ...
ဒီဆိုင်​​လေးမှာ ရှိ​နေခဲ့တဲ့ အမှတ်​တရ​တွေက
ကျွန်​​တော်​တို့ မိသားစုအတွက်​ အဖိုးတန်​သလို...
Baekhyun အတွက်​ တန်​ဖိုးမဖြတ်​နိုင်​တဲ့
နေရာ​လေးလည်း ဆိုရင်​လည်း မမှားပါဘူး...

Baekhyun အချိန်​အ​တော်​ကြာတဲ့အထိ 
ဆိုင်းဘုတ်​​လေးကို ​ငေးကြည့်​နေ​ပြီးမှ
မြေကြီး​ပေါ်မှာပြန့်​ကျဲ​နေတဲ့ ပန်းအိုးအကွဲ
အပိုင်းအစ​လေး​တွေ ကြားထဲက အဝါ​ရောင်​ ပန်းပင်​​လေးကို ​ကောက်​ယူ​နေတယ်​​...
ပန်း​တော်​​တော်​များများက​တော့
အမှိုက်​ခြင်း​တွေထဲ ​ရောက်​လို့...

✿Baby's Breath✿Where stories live. Discover now