✿Baby's Breath✿
Chapter - 26No one's POV...
'Chanyeol-ah , သက်သာရဲ့လား?'
Jongin အတန်ကြာမှ နိုးလာတဲ့ သူငယ်ချင်း လှဲနေတဲ့ ကုတင်အနား ခုံလေးဆွဲပြီး အသာ ၀င်ထိုင်လိုက်မိတယ်...
သူစောင့်နေပေးတဲ့ အတောအတွင်း Chanyeol သတိရလာတာကြောင့် စိတ်သက်သာရာရသွားတာတော့ အမှန်ပါပဲ...မိုးတော်တော်ချုပ်နေပြီး ဆရာဝန်က နောက်နေ့မှပြန်လာခဲ့လို့ တိုက်တွန်းခဲ့ပေမယ့် Jongin သစ္စာရှိစွာနဲ့ မပြန်ခဲ့ဘူး...
သစ္စာဖောက်မိသလိုဖြစ်သွားခဲ့တဲ့ သူ့အမှားကြောင့်လည်း ပါတာပေါ့လေ...
သူသာ အခင်းဖြစ်ရာနေရာကို စောစောရောက်ခဲ့မယ်ဆိုရင်...
အခုလိုကိစ္စတွေဖြစ်လာစရာအကြောင်းမရှိဘူးလေ...
ပြီးတော့ သတ္တိရှိစွာနဲ့ မီးတောက်ကြားထဲက သူ့ကို ၀င်ကယ်ခဲ့မယ်ဆိုရင် Baekhyun လေး Chanyeol ကို ကယ်ဖို့အဲ့လောက်အချိန်အကြာကြီး ယူလိုက်ရမှာမဟုတ်ဘူး...Baekhyun ဘယ်လို ဖြစ်ပြီး Chanyeol ကို ကယ်ထုတ်နိုင်တာလဲဆိုတာတော့ သူ အံ့ဩမိခဲ့တယ်...
ူလူကောင်သေးသေးလေးက သူ့ထက် အရပ်ရှည်ပြီး လေးလံတဲ့ သူတစ်ယောက်ကို ဘယ်လို အင်အားမျိုးနဲ့ ဆွဲခေါ်နိုင်ခဲ့သလဲဆိုတာလေ...
တစ်စုံတစ်ယောက်ကို ကယ်တင်ဖို့ သူ့ရဲ့အရာအားလုံး...ယုတ်စွအဆုံး...အသက်ကို လောင်းကျေးထပ်ပြီး စွန့်စားခဲ့တယ်ဆိုတဲ့ အသိက
သတ္တိမရှိခဲ့တဲ့ Jongin ကို ပိုပိုပြီး သေးသိမ်စေတယ်လေ...
အဲဒီ့စွန့်စားမှုက စမတ်ကျချင်လို့မဟုတ်ပဲ တစ်စုံတစ်ယောက်အပေါ် ဘယ်လောက်ချစ်သလဲဆိုတာကို သက်သေပြနေလေရဲ့...Jongin , Chanyeol ကို လှမ်းကြည့်တော့ သူက လှဲနေရာကနေ ထထိုင်ဖို့ကြိုးစားနေလေရဲ့...
'ဖြည်းဖြည်းထိုင်ဦး...အားလုံးက မင်းကို စိတ်ပူနေကြတာ...အဆင်ပြေတယ်မလား? နာတဲ့နေရာရှိသေးလား...?'
Jongin အမေးကို Chanyeol မဖြေအားပဲ ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း ညည်းငြူနေတယ်...
လက်တွေနဲ့ မျက်လုံးတွေကို ပွတ်သပ်ရင်း တစ်ကိုယ်လုံး တုပ်တုပ်မလှုပ်နိုင်လောက်အောင် ထုံထိုင်းနေတယ်လေ..
YOU ARE READING
✿Baby's Breath✿
Fanfictionနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...