5✿Baby's Breath✿5

8.6K 1.1K 46
                                    

✿Baby's Breath✿
Chapter-5

တစ်​သက်​မှာတစ်​ခါ အိမ်​ကြီးက တိတ်​ဆိတ်​​နေတာမှ တကယ့်​ကို တိတ်​ဆိတ်​​နေတာပါ...
ပါးလွှာတဲ့ နံရံကိုဖြတ်​ပြီး လွင့်​ပျံလာတတ်​တဲ့ Baekhyun ကြည့်​​နေကျ Drama ကားထဲက စကား​ပြောသံ​တွေ ​မကြားရ​တော့လည်း ထူးဆန်း​နေပြန်​​ရော...
န​​မော်​နမဲ့ လုပ်​လို့ ပန်းကန်​ကျကွဲတဲ့ အသံ​တွေနဲ့
Baekhyun ခဏခဏဆူညံပြီး ​သောင်းကျန်းလို့ အိမ်​နီးနားချင်း​တွေ အိမ်​တံခါးလာထုတဲ့အသံ​တွေလည်း မကြားရ​ပဲ တိတ်​ဆိတ်​​နေ​တော့
လူက ​နေလို့ထိုင်​လို့မတတ်​တာ အမှန်​ပါ...

ကျွန်​​တော်​ သူ့ကို စိတ်​ပူ​နေတာမဟုတ်​ပါဘူး...
သူ့ဟာသူ လူကုန်​ကူးနဲ့တစ်​ခြားနိုင်​ငံ
ံကိုပါသွားလည်း ​​အေးတာပဲ​လေ...
စိတ်​​ပြေလက်​​ပျောက်​ ကာတွန်းစာအုပ်​ဖတ်​လိုက်​​ပေမယ့်​ စာလုံး​တွေနဲ့ ပုံ​တွေက သိပ်​မကြည်​ချင်​သလိုလို...
ကျွန်​​တော်​နဲ့မဆိုင်​ဘူး...
သူ့ဟာသူ ခုံတန်း​​ပေါ်မှာပဲအိပ်​​နေ​နေ...အနားကဖြတ်​သွားတဲ့ သူစိမ်း​တွေကိုပဲ အရူးတစ်​​ယောက်​လို လိုက်​ကြည့်​​နေ​နေ ကျွန်​​တော်​နဲ့ မဆိုင်​ဘူး...
ကျွန်​​တော်​သူ့ကို လုံးဝ စိတ်​မပူဘူး...
ဖြစ်​သမျှ ကိစ္စ သူ့ထိုက်​နဲ့ သူ့ကံပဲ...

ခဏကြာ​တော့ ကျွန်​​တော့်​အခန်းထဲကို
အ​မေဝင်​လာတယ်​...
အရင်လို ​ဧည့်​ခန်းမှာ ​မျောက်​ရှုံး​အောင်​​ဆော့​နေမယ့်​ အရူး​လေးကို မ​တွေ့လို့ လာရှာတာပဲဖြစ်​မှာ​​ပေါ့...

'သား​ရေ...Baekhyun ​ရော?'

ကျွန်​​တော်​ သက်​ပြင်းချလိုက်​​တော့ ပိုက်​ဆံအိတ်​ကို စားပွဲ​ခုံ​ပေါ်တင်​ရင်း ကျွန်​​တော်​နဲ့ မျက်​နှာချင်းဆိုင်​ ထိုင်​ခုံမှာထိုင်​ပြီး​ပြောတယ်​...

'Chanyeol! Baekhyun ဘယ်​မှာလဲ?'

'ကျွန်​​တော်​မသိဘူး...သူ့ကိုမျက်​စိ​ရှေ့က​ပျောက်​သွား​ပေးလို့​ပြောလိုက်​တာ...တစ်​​နေရာရာမှာ​ပျောက်​သွားပြီထင်​တယ်​...'

'Chanyeol!!'

'ခဏ​နေဦး...!'

ကျွန်​​တော်​ စိတ်​တိုလာတာနဲ့ မတ်​တပ်​ရပ်​ပြီး ထ​အော်​လိုက်​မိတယ်​...
Baekhyun ကိစ္စနဲ့ပတ်​သက်​ပြီး အရမ်းစိတ်​ဆက်​​နေတဲ့ အ​မေ့ကို စိတ်ပျက်​မိတယ်...
ဘာမဆိုအမြဲတမ်း Baekhyun ဘက်​က...အမြဲတမ်း Baekhyunက​ နေမ​ကောင်းတဲ့ က​လေးဆိုပြီး လိုအပ်​တာဖြည့်​ဆည်း​ပေးပြီး ကျွန်​​တော့်​ဘက်​ကျ နည်းနည်း​တောင်​ လှည့်​မကြည့်​​ပေးခဲ့ဖူးဘူး...

✿Baby's Breath✿Where stories live. Discover now