28✿Baby's Breath✿28

7.6K 786 46
                                    

✿Baby's Breath✿
Chapter - 28
(

၁၀ခွဲထဲက တင်တာရယ်...၁၁ကျော်မှရတယ်...😢😤)

Park Chanyeol's Pov

Baekhyun နဲ့ အတူ အိမ်ပြန်လာခွင့်ရတာက ကျွန်တော့် အတွက်တော့ အိပ်မက်တစ်ခုလိုပဲလေ...
အခုအခြေအနေက နှစ်ပေါင်းများစွာကွဲကွာနေတဲ့ မိသားစုတွေ ပြန်ဆုံဆည်းသလိုမျိုးဖြစ်နေတယ်...
ကျွန်တော်တို့ကွဲကွာနေတာ သုံးလေးလပဲရှိခဲ့ပေမယ့်
အချိန်တွေကပဲ အရမ်းကြာခဲ့လေသလား...

အိမ်ပြန်ရောက်တော့ အမေက ကျွန်တော်တို့ကို တရုတ်ဆိုင်က ပဲခေါက်ဆွဲ မှာကျွေးတယ်...
ပြီးတော့ Jongin ရော...
ထမင်းစားဖိတ်ခံရလို့ ကျွန်တော်တို့အိမ်ကို လိုက်ခဲ့တယ်ဆိုပါတော့...
ကြမ်းပြင်မှာ အခင်းလေးခင်းပြီ ကျွန်တော်တို့ လေးယောက် နေရာယူလိုက်ကြတယ်...
ကျွန်တော်က Baekhyun နဲ့ မျက်နှာချင်းဆိုင်၊ Jongin ဘေးမှာနေရာယူရင်းပေါ့...
အခုလိုတွေးရတာနည်းနည်းတော့ တစ်မျိုးဖြစ်ပေမယ့် မိသားစု အတူတူထမင်းစားရတဲ့ ခံစားချက်မျိုးလေး...
အကြာကြီးနေမှလေ...
Baekhyunee မရှိတုန်းက ကျွန်တော်တို့အိမ်လေး ဘယ်လောက်ခြောက်သွေ့ခဲ့လဲဆိုတာ...
ပြီးတော့...
ကျွန်တော် ဘယ်လောက်တောင် အထီးကျန်ခဲ့ရသလဲဆိုတာ...

ပိုက်ဆံချမ်းသာတဲ့ သူတွေအတွက် 'steak' ဆိုရင် ကျွန်တော်တို့လို လူလက်တန်းစားတွေအတွက်တော့ 'ပဲခေါက်ဆွဲ' ပေါ့...
ဒါပေမယ့် အမေက ချွေတာခိုင်းတာကြောင့် အရင်ကဆို ပဲခေါက်ဆွဲတောင် ၀ယ်မစားနိုင်ဘူးလေ...

ကျွန်တော် စားနေတုန်း Baekhyun ကို ငေးကြည့်နေမိတယ်...
ဒီအတောအတွင်း ထမင်းကောင်းကောင်းမစားခဲ့ရလို့ ထင်ပါရဲ့...
အားရပါးရနဲ့ စားနေတာ ခေါင်းတောင်မဖော်နိုင်ရှာဘူးလေ...
ပါးစပ်တစ်ခုလုံးလဲ ပဲခေါက်ဆွဲ အနှစ်တွေနဲ့ ပေကျံနေတာ သူ့ကိုကြည့်ပြီး မရယ်ပဲ မနေနိုင်တော့...

'စားလို့ကောင်းလား Baekhyunee? အများကြီးစားနော်...'

ကျွန်တော်ပြောရင်း သူ့ပန်းကန်လေးထဲကို မုန်လာဥ နည်းနည်း လှမ်းထည့်ပေးလိုက်တယ်...

အဲ့ဒါကို Jongin က မြင်ပြီး ရယ်ကျဲကျဲနဲ့ ပြောပါလေရော...

' ဟေ့ရောင်...မင်း Baekhyunee ကို ဂရုစိုက်ပြီး ငါ့ကျ မေ့ပြီပေါ့ ဟုတ်လား? ဘယ်မလဲ ငါ့အတွက် မုန်လာဥ?! အန်တီ တွေ့လား...အန်တီ့သား လုပ်ပုံ! '

✿Baby's Breath✿Where stories live. Discover now