12✿Baby's Breath✿12

8.7K 946 33
                                    

✿Baby's Breath✿

Chapter -12

ဒီ​နေ့ စ​နေ​နေ့မို့လို့ ​တော်​ပါ​သေးရဲ့...

ကျောင်းဖွင့်​ရင်​​တော့ ကျွန်​​တော်​တို့ အ​ကြောင်း ပျံ့​နေမှာ ​အ​သေအချာ...
ဒါ​ပေမယ့်​ ကံ​ကောင်းတာတစ်​ခုက ဒီ မ​တော်​တဆမှု​ကြောင့်​ လာမယ့်​ ​ဘောလုံးပွဲ ​နောက်​​ရွေ့လိုက်​ရတယ်​​လေ...
ဒီရန်​ပွဲမှာ Jeonil ​ကျောင်းက ကစားသမားတစ်​​ယောက်​လည်း ပါဝင်​ခဲ့တာ​ကြောင့်​​ပေါ့...

ကျွန်​​တော်​က​တော့ ခပ်​​သေး​သေး​ဆေးခန်း​လေးကိုပဲ သွားလိုက်​​တော့တယ်​...
ဆရာဝန်​ရဲ့အ​ပြောအရ ကံ​ကောင်းစွာနဲ့ ဘာအရိုးမှ မကျိုးသွားဘူးဆိုလို့ ​တော်​ပါ​သေးရဲ့...
ဒူးဆစ်​က အနည်းငယ်​ ကိုက်​​နေ​ပေမယ့်​လို့
တစ်​ပတ်​​လောက်​ အနားယူလိုက်​ရင်
သက်​သာသွားမယ်​တဲ့​လေ...

အကယ်​၍များ Baekhyun သာ ကျွန်​​တော့်​ကို ဝင်​မကယ်​ခဲ့ရင်​ ကျွန်​​တော့်​​ခြေ​ထောက်​တစ်​​ချောင်း ဆုံးရှူံး​တော့မလို့...
မဟုတ်​ရင်​ အခု​လောက်​ဆို ချိုင်း​ထောက်​ ဒါမှမဟုတ်​ wheel chair နဲ့ သွား​နေရ​တော့မှာ...

ပြီး​တော့ ​ဘောလုံသမားတစ်​​ယောက်​ ဖြစ်​ချင်​တဲ့ ကျွန်​​တော့်​ရဲ့အိပ်​မက်​ကို လက်​လွှတ်​လိုက်​ရ​တော့မလို့...

လောကကြီးက မတရားလိုက်​တာ...
Baekhyun မှာ​တော့ ကျွန်​​တော့်​ ​ဘောလုံသမားအိပ်​မက်​​လေးကို မ​ပျောက်​ပျက်​ရ​အောင်​ ​စောင့်​​ရှောက်​​ပေးပြီး...
ကျွန်​​တော်​က​တော့ ​ကျောင်းဆရာဖြစ်​ချင်​ခဲ့တဲ့ သူ့အိပ်​မက်​​လေးကို ဖျတ်​ဆီးခဲ့မိတယ်​...

အဲဒီ့မ​တော်​တဆမှုဖြစ်​ပြီးကတည်းက သူနဲ့ကျွန်​​တော်​ စကားသိပ်​မ​ပြောဖြစ်​ခဲ့ကြဘူး​လေ...

ကျွန်​​တော်​ သူ့အခန်း​လေး​ထဲ ဖြည်းဖြည်းချင်းဝင်​သွားလိုက်​မိတယ်​...
မ​နေ့ညက မီးပိတ်​ထားတာ​ကြောင့်​ ​​သေချာမကြည့်​မိ​ပေမယ့်​ အခန်းက စတိုခန်းလိုသုံးတာ​ကြောင့်​ အထုပ်​​တွေ ဘူး​တွေက ခပ်​များများရယ်​...
တွေးကြည့်​​တော့ ကျွန်​​တော်​မှ Baekhyun အခန်းထဲ သိပ်​မဝင်​ဖူးတာ...
ကုတင်​မရှိတာ​ကြောင့်​ ​ကြမ်းပြင်​မှာပဲ အခင်း​လေးခင်းပြီး အိပ်​ရရှာတယ်​​လေ...
တစ်​ခါတစ်​​လေ မိုးအသည်းအသန်​ရွာတဲ့​နေ့​တွေဆို သူ့အခန်း​လေးထဲ မိုး​ရေယိုတာ​ကြောင့်​ အဲ့တာကို ဆင်​​ခြေ​ပေးပြီး ကျွန်​​တော်​နဲ့ လာလာအိပ်​​နေကျ​...

✿Baby's Breath✿Where stories live. Discover now