✿Baby's Breath✿
Chapter 7'ဟေ့ရောင်တွေ...မင်းတို့ကြားပြီးပြီမလား? Byun Baekhyun က Park Chanyeol ရဲ့ ညီဆို?'
'အရင်းတော့မဟုတ်ဘူးထင်တာပဲ...'
'အဲ့ကောင်လေးက အထူးပို့ချချက်သင်တယ် ဟုတ်လား?'
'အကယ်၍ သူ့တို့နှစ်ယောက်က အရင်းတွေဆိုရင် Chanyeol ကပါ စိတ်ပိုင်းဆိုင်ရာထိခိုက်နေတာတော့မဟုတ်ပါဘူးနော်...'
အဲ့ဒီ့အချိန် Jongin တစ်ယောက် လေသံခပ်တိုးတိုးနဲ့ဝင်ပြောတယ်...
'ဘယ်လိုလုပ်အရင်းဖြစ်နိုင်မှာလဲကွ? Chanyeol က တစ်ကျောင်းလုံး အဆင့် ၅...ဟို Baekhyun ဆိုတဲ့ ချာတိတ်က ၅ တောင် ရေတတ်ရဲ့လားမသိဘူး...'
ကျွန်တော်နဲ့ မလှမ်းမကမ်းကနေ အတင်းတုတ်နေကြတဲ့ အတန်းဖော်တွေကို မကြားချင်ယောင်ဆောင်ပြီးပဲ နေလိုက်တော့တယ်...
သူငယ်ချင်းအရင်းတွေကပါ မဟုတ်မမှန်သတင်းဖြန့်တဲ့ ထဲမှာ ပါနေတာက ကျွန်တော့်ကို ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စေတယ်လေ...
အဲဒီ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် လုပ်နိုင်တာ ဘာမှမရှိသလို ဘာမှလည်း မဖြေရှင်းချင်တာအမှန်ပဲ...
သူတို့ပြောနေတာတွေကို Baekhyun နားလည်းလည်မှာမဟုတ်ပါဘူး...
ဒါပေမယ့် အတင်းအဖျင်း တွေဆိုတာ ရက်တွေကြာရင်တော့လည်း တစ်ခြား စိတ်ဝင်စားစရာခေါင်းစဉ်တစ်ခုဆီ ရွှေ့သွားမှာပဲလေ...
အဲ့ဒါကြောင့် ဘာကိုမှ အာရုံစားမနေတာပဲကောင်းတယ်...ကျွန်တော် စားပွဲခုံပေါ်မှောက်အိပ်နေရာကနေ သမ်းဝေပြီး ခေါင်းထောင်လာတော့ မလှမ်းမကမ်းနားက အတင်းတုတ်နေတဲ့ အဖွဲ့တွေ တဖြည်းဖြည်း လူကွဲသွားကြတယ်...
ကျွန်တော့် ဘောလုံးအသင်းက အဖွဲ့ဝင်တွေကတော့ တစ်ခြားကိစ္စတစ်ခုအပေါ်ပြန်ပြီး ငြင်းခုံနေကြတယ်...
ဒီနေ့လည်း အရင်နေ့တွေလိုပါပဲ...ကျွန်တော့်အရှေ့မှာထိုင်နေတဲ့ Baekhyun တစ်ယောက် အတန်းထဲမှာ ပိုလာတာကလွဲရင်ပေါ့...
YOU ARE READING
✿Baby's Breath✿
Fanfictionနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...