9✿Baby's Breath✿9

8.4K 1K 54
                                    

✿Baby's Breath✿
Chapter 9

'Baekhyun က ​ဆေးရုံမှာ...ရိုးရိုး​ဖျားတာတဲ့...'

ကျွန်​​တော်​ အဝတ်​လဲခန်းထဲမှာ လဲ​နေရင်း​ပြောလိုက်​တယ်​...
အားလုံးရဲ့ အကြည့်​​တွေက ကျွန်​​တော့်​ဆီကို ​ရောက်​​နေ​တော့ နည်းနည်း​တော့ ကသိက​​အောက်​ဖြစ်​တာ​ပေါ့​လေ...
သူတို့ စိတ်​ဝင်​စားတာ ကျွန်​​တော့်​အ​ကြောင်းမဟုတ်​​ပေမယ့်​လို့...

'ဆရာဝန်​က​ပြောတယ်​ ​ဆေး​သောက်​လိုက်​ရင်​ မနက်​ဖြန်​​လောက်​ဆို သက်​သာသွားမှာပါတဲ့...'

အဲ့ဒါ အကုန်​ပဲ...
ကျွန်​​တော်​ သူတို့ကို အသိ​ပေးလိုက်​တာ...
အဲ့ဒါမှလည်း ဟိုဟို ဒီဒီ သတင်း​တွေ ​လျှောက်​မဖွ​တော့မှာ...

အဲ့လိုထင်​ထားခဲ့​ပေမယ့်​လို့....:3

'​ဟေ့​ရောင်​​တွေ...Chanyeol က​ပြောတယ်​ Baekhyun တစ်​​ယောက်​ ​စိတ်​​ရောဂါကု​ဆေးရုံကို ​ခေါ်သွားခံရတယ်​တဲ့...ငါ​ပြောသားပဲ သူက ရူး​နေတာပါဆို...'

ဘာမဟုတ်​တဲ့ ကိစ္စ​လေးတစ်​ခုက လုံးဝကို မဟုတ်​မမှန်​ ​ကောလဟာလကြီးကိုဖြစ်​လို့...
ကျွန်​​တော်​ သူတို့နားမှာ ထပ်​မ​နေချင်​​တော့တာ​ကြောင့်​ ပစ္စည်း​တွေသိမ်းပြီး ထွက်​လာဖို့ပြင်​လိုက်​တယ်​...

'မဟုတ်​ကဟုတ်​ကသတင်း​တွေ
လျှောက်​မဖြန့်​နဲ့...!'

ဒါ ကျွန်​​တော်​ အခန်းထဲက​နေ ထွက်​မလာခင်​ ပထမဦးဆုံး သူတို့ကို သတိ​ပေးလိုက်​ခြင်းသာ
...

'သူ နားပါ​စေ...'

...

ကျွန်​​တော်​ Baekhyun ကို ကတိ​ပေးထားတဲ့အတိုင်း ချက်​ချင်းပဲ ​ဆေးရုံကိုဦးတည်​လိုက်​တယ်​...

သူ့ကို အ​ရေး ,အဖတ်​ အတွက်​ ကူညီရင်းနဲ့ပဲ အချိန်​​တွေကို လူနာခန်းထဲမှာပဲ ကုန်​ဆုံးရ​တော့မှာ​ပေါ့...
အခု​လောက်​ဆို Baekhyun လက်​ကမ်းစာ​စောင်​ထဲက ကဗျာ​လေး​တွေကိုလည်း အ​ခေါက်​​ပေါင်းများစွာဖတ်​ပြီး, စာရွက်​အလွတ်​​လေး​တွေထဲမှာလည်း ကျွန်​​တော့်​နာမည်​​တွေကို အ​ခေါက်​​ပေါင်းများစွား​ရေးပြီး​​လောက်​ပြီ​နေမှာ...

✿Baby's Breath✿Where stories live. Discover now