✿Baby's Breath✿
Chapter - 21ဒီဇင်ဘာလက ထင်ထားတာထက်ပိုပြီး
ခပ်မြန်မြန်ရောက်လာခဲ့တယ်...
Baekhyun ထွက်သွားပြီးတဲ့ နေ့ရက်တွေ
တစ်ရက်ပြီး တစ်ရက်က ရင်ထဲမှာ ဟာတာတာဖြစ်နေခဲ့တယ်...
ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ နေသားကျသွားမှာပါလေ...
အခုဆို Baekhyun ကို စိတ်အရမ်းပူမနေတော့ပဲ
ကျွန်တော် ဆက်လျှောက်ရမယ့်
လမ်းအတွက် ပြင်ဆင်သင့်ပြီ...ဒါပေမယ့်လည်း ဘဝကြီးက သူ ကျွန်တော့်အနားမှာ မရှိတော့တာကြောင့် ငြီးငွေ့စရာ ကောင်းတာတော့ အမှန်ပဲ...
အားရင်အားသလို အသင်းသားတွေနဲ့ ဘောလုံးလေ့ကျင့်ပြီး ပြိုင်ပွဲ အသေးစားလေးတွေ ဝင်ပြိုင်ဖြစ်တယ်...
ဒါပေမယ့် နိုင်ဂိုးတစ်ဂိုးသွင်းပြီးတိုင်း ထိုင်နေရာကနေထပြီး အော်ဟစ်အားပေးတဲ့ သူ့ကို ကျွန်တော် သတိရတယ်...
အဲဒီ့အချိန်တိုင်းလည်း ပျော်ရွှင်မှုကြောင့်
ပြေးပြေးဖက်မိတဲ့ သူ့ကိုယ်လုံးသေးသေးလေးကို
လွမ်းတယ်...ဘောလုံးမကန်ဖြစ်ရင်တော့ များသောအားဖြင့် စာပဲလုပ်ဖြစ်တာကြောင့် အမှတ်များများနဲ့ အောင်တာမဆန်းပါဘူး...
ဒါတောင်အမေက Ivy League က ကစားသမားတွေ သူ့သား , ကွန်တော့်ကို လက်ခံအောင်
တနင်္ဂနွေ နေ့တိုင်း လုပ်အားပေးသွားတုန်းပဲ...ဝင်ခွင့်စာမေးပွဲပီးသွားတဲ့အချိန်မှာတော့
ကျွန်တော် အပါအဝင် စီနီယာတွေတော်တော်များများ ကျောင်းလစ်တဲ့ skill တွေ
ကျွမ်းလာကြတယ်လေ...
တက္ကသိုလ် မရောက်ခင် နောက်ဆုံးနှစ်လေးမှာ
အပြီးယွသွားမယ်ဆိုတဲ့ ခံယူချက်တွေ
ကိုယ်စီနဲ့ပေါ့...
ကျွန်တော့် ပတ်ဝန်းကျင်က လူတွေ အားလုံး
ဒီအတိုင်းပါပဲ...
Baekhyun ကျွန်တော့်အနားမှာ
မရှိတော့တာလေးတစ်ခုပဲ
ပြောင်းလဲသွားခဲ့တာ...
YOU ARE READING
✿Baby's Breath✿
Fanfictionနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...