✿Baby's Breath✿
Chapter - 14'ဒါက ဒီလိုပေါင်းရတာ Chanyeol ရဲ့...ဒီမှာကျိ! Park...Chan...Yeol...လွယ်တယ်မယား?'
'Wahhh! Baekhyun! မင်းက တော်ရိုက်တာ...'
Chanyeol တစ်ယောက် သူ့ဗိုက်ပေါ်မှာလှဲနေတဲ့ Baekhyunလေး ကို ချီးကျူးရင်း အရှေ့သွားကျိုးလေးနှစ်ချောင်း ထင်းနေအောင် ပြုံးနေတယ်လေ...
သူတို့နှစ်ယောက်လုံး ကျောင်းကအပြန် အိမ်ရှေ့ကကွပ်ပြစ်လေးမှာ လှဲနေကြတယ်...
Baekhyun က စာပိုတော်တာကြောင့် ကျောင်းဆင်းရင် အိမ်စာကူလုပ်ပေးဖို့ Chanyeol အိမ်ကိုအမြဲလာနေကျပါ...
တစ်ခန်းထဲမှာ တစ်ချိန်ထဲ စာအတူတူသင်တာဖြစ်ပေမယ့် Baekhyun က နည်းနည်းပိုစောပြီး အရေးကို သင်ထားဖူးတာကြောင့် အတန်းထဲမှာဆိုရင် ကလေးတွေကို ဆရာလုပ်ပြီး ပြန်သင်ပေးနေကြ...
စာကလည်းတော် ရွှင်လန်းနေတဲ့မျက်နှာလေးဆိုတော့ လူချစ်လူခင်ပေါတယ်လေ...Chanyeol သူ့လက်ထဲက sandwich ကို တမြုံ့မြုံ့ဝါးရင်း တစ်ဖက်က မေးလေးထောက်ထားပြီး Baekhyun သူ့နာမည်ရေးပေးနေတာကို ထိုင်ကြည့်နေတယ်...
နှာခေါင်းတရှုံ့ရှုံ့နဲ့ နှာရည်တွေကလည်း တွဲလောင်းကျလို့...😪'Baekhyun-ah! မင်း ကျောင်းဆရာရုပ်ပါလား? မင်းသာ ကျောင်းဆရာရုပ်ရင် ကမ္ဘာပေါ်မှာ အမိုက်ဆုံးကျောင်းဆရာ ဖစ်မယ်ထင်တယ်တွ!'
ပါးစပ်တစ်ခုလုံး အပြည့်အသိပ်ဝါးနေတဲ့ကြားထဲက မပီကလာပီကလာနဲ့ပြောနေတဲ့ Chanyeol ကို ကြည့်ပြီး Baekhyun ပြုံးတယ်ဆိုရုံလေး ပြုံးလိုက်တယ်...
ဒါပေမယ့် အဲဒီ့အပြုံးလေးမှာ စကားနဲ့မဖော်ပြနိုင်လောက်တဲ့အထိ ပိုပြီး နက်ရှိုင်းတဲ့အဓိပ္ပါယ်လေးရှိတယ်...
ဘာဖြစ်လို့လဲဆိုတော့ Chanyeol က အရာရာထက်ပိုပြီး တန်ဖိုးရှိတဲ့ ပန်းမျိုးလေးစေ့လေးကို Baekhyun ရင်ထဲမှာစိုက်ပျိုးလိုက်လို့...
တစ်ချိန်ချိန်ကြရင် လှပတဲ့
ပန်းကလေးအဖြစ်ပွင့်လာမယ့်
ပန်းမျိုးစေ့လေးလေ...
YOU ARE READING
✿Baby's Breath✿
Fanfictionနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...