24✿Baby's Breath✿24

6.7K 766 30
                                    

✿Baby's Breath✿
Chapter- 24

No one's Pov...

'မင်းလုပ်​နိုင်​တာက ​မေ့ပစ်​လိုက်​ဖို့...​မေ့ပစ်​လိုက်​လို့ရှိရင်​ မင်းကို လူ​တွေက ရူး​နေတယ်​လို့ ထင်​ကြ​တော့မှာ မဟုတ်​ဘူး'

Baekhyun လမ်း​လျှောက်​​နေရင်း ကုသတဲ့ အခန်း​တွေထဲက​နေ နံရံကို ​ကျော်​ပြီး အသံ​တွေ ကြား​နေရတယ်​​...
အဲဒီ့က ဝန်​ထမ်း​တွေက သူ့ကို သိပ်​မဆိုးမှန်းသိလို့ အရမ်း ပြင်းထန်​တဲ့ ကုသမှု​တွေ​တော့ မ​ပေးဘူး​လေ...
တကယ်​လည်း Baekhyun က သူတစ်​ပါးထိခိုက်​ နာကျင်​​စေ​အောင်​ မလုပ်​တဲ့ နူးညံ့တဲ့က​လေးရယ်​ပါ...

တစ်​​နေ့ကို ၆နာရီ​လောက်​ ဝန်​ထမ်းတစ်​​ယောက်​နဲ့ အတူတူရှိ​နေရပြီး ​နေ့လယ်​​မှာ​တော့ အနားယူတဲ့
့အခန်းမှာ မုန့်​သွားစားဖို့ သူ့ကိုတစ်​​ယောက်​တည်း သွားခွင့်​​ပေးတဲ့အထိ လွတ်​လပ်​တယ်​​လေ...
အဲဒါ​ကြောင့်​လည်း လက်​ထဲက chocopie ​လေးတစ်​ခု ကိုင်​ပြီး ​ပေကျံ​နေ​အောင်​စားရင်း အနားယူတဲ့ အခန်းဆီ ​လျှောက်​လာခဲ့တယ်​...
အဲဒီ့ အခန်းထဲက သ​ဘော​ကောင်းတဲ့ အမျိုးသမီးတစ်​​ယောက်​က​တော့ Baekhyun ကို ပြုံးပြရင်း မုန့်​စားပြီး တစ်​ပတ်​လုံး ပြသနာမရှာပဲ လိမ်​လိမ်​မာမာ​နေ
ရမယ်​​နော်​တဲ့...

အကယ်​၍များ ပြသနာတစ်​ခုခုရှာလိုက်​မယ်​ဆိုရင်​ ​ဆေးရုံတက်​ပြီး ထိန်းချုပ်​မှုခံရမယ်​ဆိုတာ သူ သိတယ်​​...
တစ်​ခါ တစ်​ခါ ဆိုးသွမ်းတဲ့ လူနာ​တွေ ထားတဲ့အခန်းက နံရံဘယ်​​လောက်​ပဲ ထူထူ ​အော်​ဟစ်​ ဆူညံသံ​တွေ ကြား​နေရတာ​ကြောင့်​​လေ...

Baekhyun အတွက်​ တစ်​ခု ထူးဆန်း​နေတာက ဘာဖြစ်​လို့များ လူ​တွေ မအိပ်​​သေးတဲ့အချိန်​ အခန်းတစ်​ခန်းခန်းဆီက တူညီတဲ့ ​အော်​သံ​တွေပဲ ထွက်​လာရတာလဲဆိုတာပါ...
စကြံင်္ဘက်​ကို တစ်​ချက်​လှမ်းကြည့်​​တော့ ဘယ်​သူမှ ရှိမ​နေဘူး...
အရင်​​နေ့​တွေကဆို လမ်း​လျှောက်​တဲ့သူ​တွေ ဝန်​ထမ်း​တွေ တစ်​​ယောက်​စ နှစ်​​ယောက်​စ ကို ​တွေ့ရ​ပေမယ့်​ ဒီ​နေ့​တော့ လူရှင်းပြီး မီး​တွေကလည်း မှိန်​ပြလို့...

✿Baby's Breath✿Donde viven las historias. Descúbrelo ahora