✿Baby's Breath✿
Chapter - 22အင်္ဂါနေ့တိုင်း...
စာတိုက်ပုံးလေးရှေ့မှာ...
စာပို့သမား အလာကို...
ကျွန်တော် တစ်လတိုင်တိုင် စောင့်နေခဲ့မိတယ်...ဒါပေမယ့် ကျွန်တော်မျှော်နေတာကို သိနေတဲ့
စာပို့သမားဦးလေးကြီးကတော့ စာတိုက်ပုံးလေးနားရောက်တိုင်း တစ်ခြား bill တွေသာ ကမ်းပေးပြီး
'စိတ်မကောင်းပါဘူး ကလေးရယ်...' ဆိုပြီး
ပြောသွားတာချည်း...
ကျွန်တော်မျှော်နေတဲ့ နို့နှစ်ရောင်
စာအိတ်ကလေးမှ သူ့ဆီမှာ မပါလာတာလေ...တစ်လ လုံးလုံး အဲဒီ့ စာအိတ်ကလေးကို
စောင့်မျှော်နေရင်းနဲ့ အချိန်တွေက ကုန်မှန်းမသိ
ကုန်လွန်သွားခဲ့တယ်...အမေကတော့ တည်မြဲတဲ့ အတွင်းရေးမှူးအလုပ်ကလေး ရသွားပြီး သူနောက်ကျမှ အိမ်ပြန်ရောက်တဲ့အချိန် ကျွန်တော် အိမ်ရှေ့မှာ ငူငူကြီး ထိုင်နေတာမြင်တိုင်း "စာအိတ် ရောက်လား" လို့မေးတယ်...
ကျွန်တော် ခေါင်းခါပြတိုင်းလည်း " Baekhyunee က မအားလို့နေမှာပါ..." မဟုတ်ရင် "အဲဒီ့မှာ စာပို့ဖို့ တံဆိတ်ခေါင်းတွေ ကုန်သွားလို့နေမှာပေါ့..." ဆိုပြီး
မဖြစ်နိုင်တဲ့ စကားတွေနဲ့ နှစ်သိမ့်မြဲ...တစ်လကျော်လာတဲ့ အချိန်မှာတော့ ကျွန်တော်
ဂေဟာဆီ ဖုန်းဆက်လိုက်မိတယ်...
ဒါပေမယ့် ဖုန်းလက်ခံတဲ့သူက တာဝန်ရှိသူကို
မလွှဲပေးပဲ စကားတွေရှည်နေတယ်လေ...
ကျွန်တော် အတက်နိုင်ဆုံး အေးအေးဆေးဆေးနဲ့ Baekhyun ကို မေးလိုက်ပေမယ့် ပုဂ္ဂိုလ်ဆိုင်ရာ
တောင်းဆိုမှုဆိုလား ဘာလား မသိတဲ့ အကြောင်းအရာတွေ ပြောပြီး ရစ်နေတယ်...
ဘယ်လိုမှပြောလို့မရတာနဲ့ပဲ လက်လျှော့ပြီး ဖုန်းချခဲ့ရတယ်...ကျွန်တော် နောက်ဆုံးပို့လိုက်တဲ့ စာလေး အမှားအယွင်း တစ်ခုခုကြောင့် Baekhyun ဆီ မရောက်တာလည်း ဖြစ်နိုင်တာပဲဆိုတဲ့ အတွေးနဲ့
နောက်တစ်စောင် ရေးပြီး ထပ်ပို့လိုက်မိတယ်...
ဖြစ်နိုင်ချေသိပ်မရှိပေမယ့်
တကယ်လို့များဆိုပြီးတော့ပေါ့...
ဒါပေမယ့် ပြန်စာ ထပ်မရောက်လာခဲ့ဘူး...
YOU ARE READING
✿Baby's Breath✿
Fanfictionနောက်ဘဝကျရင် ... ညီအစ်ကိုတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... သူငယ်ချင်းတွေအဖြစ် ပြန်လည်မွေးဖွားလာကြရအောင်... ချစ်သူတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... ပန်းကလေးတွေအဖြစ် ပြန်လည် မွေးဖွားလာကြရအောင်... နော...